Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ​ – တောင်သာလမ်းပိုင်းတိုးဂိတ်ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံ​မြို့အထွက် မြင်းခြံ – တောင်သာလမ်းပိုင်းရှိ တိုးဂိတ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုအတွင်းစစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှာရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဇူလိုင် ၁၇ရက်တွင် သတင်းထုတ်ပြန်သည်။

မြင်းခြံ-တောင်သာလမ်းပေါ်ရှိ တိုးဂိတ်အား တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File Video Capture

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံ​မြို့အထွက် မြင်းခြံ – တောင်သာလမ်းပိုင်းရှိ တိုးဂိတ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုအတွင်းစစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှာရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဇူလိုင် ၁၇ရက်တွင် သတင်းထုတ်ပြန်သည်။

မြင်းခြံ-တောင်သာလမ်းပေါ်ရှိ တိုးဂိတ်အား တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ – File Video Capture

ဇူလိုင် ၉ရက်က တောင်သာမြို့နယ်၊ တောင်ရှေ့ တိုးဂိတ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများ နှင့်ရဲများအား ဒေသကာကွယ်ရေးအဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များ၊ ဒရုန်းများဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ ၂နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် ရဲအများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

” စခန်းကလည်း သိမ်းနိုင်တော့မယ်အနေအထားရောက်ရှိသွားတယ်။ ဒါပေမယ့် ထိခိုက်မှုလေးတွေ အနည်းအပါးရှိတယ်။ မဟာမိတ်အဖွဲ့ကကော၊ ကျွန်တော်တို့အဖွဲ့ကကော။ ရန်သူ့စစ်ကူက မြို့နဲ့သိပ်မဝေးတော့ကျတော့ ချက်ချင်းလာတဲ့အတွက် အချိန်မရတာလည်းတပိုင်းပါပါတယ်။”ဟု မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်း Mingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

အလားတူ မြင်းခြံမြို့မှ စစ်ကူလာသော စစ်ကြောင်းများကိုလည်း ဖြတ်တောက်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်အချို့သေဆုံးကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

မြင်းခြံ-တောင်သာလမ်းပေါ်ရှိ တိုးဂိတ်အား တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ – File Video Capture

အဆိုပါ စစ်ဆင်ရေးများအား မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့အမှတ်(၁၈၄၈) တပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ်(၁)၊အမှတ်(၂)၊ အမှတ်(၄)၊ အမှတ် (၈)၊ အမှတ် (၉)အစရှိသည့် တပ်ရင်းများနှင့် တောင်သာ၊ မြင်းခြံ၊ မလှိုင်၊ နွားထိုးကြီး အစရှိသည့်မြို့နယ်ပကဖများ၊ ဗိုလ်စားပျောက်ကြားတပ်ဖွဲ့နှင့် စွန်ရဲပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့ကပင် တောင်သာမြို့အထွက် မြေဖြူကုန်းရွာနှင့် မိုးနှောင်းကင်းရွာကြား ကားလမ်းပိုင်းတွင် စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တစ်စ်ီးအား တိုက်ခိုက်ရာ တပ်မ(၉၉)လက်အောက်ခံ မြင်းခြံခမရ(၁၅)မှ ဒုအရာခံဗိုလ်များ၊တပ်ကြပ်ကြီးများ၊ဒုတပ်ကြပ်များအပါ စစ်သုံ့ပန်း ၁၁ဦး၊စစ် သူနာပြု တစ်ဦး၊အရာရှိကတော် တစ်ဦး စုစုပေါင်း ၁၄ဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook