Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်ရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို TNLA သိမ်းပိုက်၊ လက်နက်အချို့ရ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)အနေဖြင့် ၄ရက်တာ အပစ် ရပ်ခဲ့သော်လည်း စစ်ကောင်စီတပ်က ထိုးစစ် ဆင်၍တိုက်ပွဲအကြိမ် ၂၀ကျော်ဖြစ်ခဲ့သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA

အပစ်ရပ်ထားသည့် ၄ရက်အတွင်း စစ်ကောင်စီနှင့်တိုက်ပွဲအကြိမ် ၂၀ကျော်ဖြစ်ခဲ့ဟု TNLA ပြော

ဟန်နွေ/People’s Spring

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)အနေဖြင့် ၄ရက်တာ အပစ် ရပ်ခဲ့သော်လည်း စစ်ကောင်စီတပ်က ထိုးစစ် ဆင်၍တိုက်ပွဲအကြိမ် ၂၀ကျော်ဖြစ်ခဲ့သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

TNLAနှင့် ကိုးကန့်တပ်မတော်(MNDAA) တို့သည် ဇူလိုင် ၁၄ရက်ညပိုင်းမှ ယနေ့ (ဇူလိုင် ၁၈ရက်) ညပိုင်းအထိ အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ယနေ့ မိုးကုတ်အရှေ့ပိုင်းတွင် ရေကန်တောင် စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအချို့။ ဓာတ်ပုံ – TNLA

တရုတ်နိုင်ငံ၏ စိုးရိမ်ချက်အရ အပစ်ရပ်စဲမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် ရှမ်းမြောက် မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ် ဒေသများ၌ တိုက်ပွဲများဖြစ်ခဲ့သည်ဟု TNLAက အသိပေးထားသည်။

” လေးရက်တာ အပစ်ရပ်နေတဲ့ အတောအတွင်း စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သား ၁၉ဦး သေဆုံးတာရှိပြီးတော့မှ ၃၀ကျော် ထိခိုက်ဒဏ်ရာရတယ်။ ခန့်မှန်းခြေအားဖြင့် ဒီ ၄ရက်တာ အတောအတွင်း တိုက်ပွဲအကြိမ်ရေ ၂၀ကျော်ကျော်တော့ရှိမယ်။ ဒီ ၄ရက်တာ အပစ်ရပ်နေတဲ့ ကာလမှာ စစ်ကောင်စီက လူအင်အားတွေဖြည့်တင်းတာ၊ နောက်တစ်ခုက ကျမတို့ကို ဦးတည်ပြီး တိုက်ခိုက်တာ၊ နောက် အရပ်သားတွေကို ပိုမိုပြီးဦးတည်တိုက်ခိုက်လာတာတွေလည်း တွေ့ရတယ်”ဟု လွေးယေဦးက ပြောသည်။

၄ရက်သက်တမ်းရှိ အပစ်ရပ်ကြေညာမှု ပြီးပြီဖြစ်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ခြင်းရှိ၊မရှိ မေးမြန်းရာ စစ်ရေးရှေ့အလားအလာနှင့်ပတ်သက်၍ မပြောတက်သေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၂၄ရက်မြောက်ဖြစ်သကဲ့သို့ အပစ်ရပ်ကြေညာမှု လေးရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဇူလိုင် ၁၈ရက်တွင် စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင် လာသောကြောင့် ကျောက်မဲနှင့် မိုးကုတ်မြို့အရှေ့ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ဟု TNLAက ထုတ်ပြန်သည်။

ဓာတ်ပုံ – TNLA

” ဒီနေ့ မနက် ၆နာရီခွဲအချိန်ကစပြီး နေ့လည် ၁နာရီကျော်အထိ မိုးကုတ်အရှေ့ပိုင်း တိုက်ပွဲဖြစ်တဲ့နေရာတွေက ဖောင်တော်ဦး၊ ဓမ္မရံသီ၊ လေးမျက်နှာ ဘုရား၊ မောနိရကျောင်း၊ မစိုးရိမ်ကျောင်း၊ ညောင်သုံးပင် နေရာတွေ”ဟု စစ်မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

TNLA၏ ထုတ်ပြန်ချက်တွင် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်ကောင်စီတပ် လကခ/ခလရ (၇၁၊ ၈၈) တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ရေကန်တောင်နှင့် ပန်းမထိပ်ရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ဟု ဖော်ပြသည်။

ထို့အတူ ယနေ့နံနက်တွင် လေးမျက်နာဘုရား၊ မောနိရကျောင်း၊ ညောင်သုံးပင်၊ ပတ္တမြားစေတီအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ဟု ထုတ်ပြန်သည်။

ယနေ့ မိုးကုတ်အရှေ့ပိုင်းတွင် ရေကန်တောင် စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်းနှင့် လက်နက်ခဲယမ်းအချို့တို့ကို သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ကျောက်မဲမြို့နယ် စစ်ကောင်စီတပ် ခမရ (၅၀၁၊ ၅၀၂) တပ်ဖွဲ့ဝင်များမှ တပ်ပြင်ပသို့ ထိုးစစ်ဆင် လာသောကြောင့် တပ်စခန်းအနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ဖော်ပြသည်။

ထို့ပြင် ညနေပိုင်း၌ ကျောက်မဲတိုးဂိတ်၊ အေးရှာဝေါးအနီးတဝိုက်တွင် စစ်ကူဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ဟု ထုတ်ပြန်သည်။

နောင်ချိုမြို့နယ် ဘန့်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ သဲခေါ်ရွာသို့ ဒရုန်းဖြင့် ဗုံး (၁၈)လုံး၊ Jet Fihgter ဖြင့် (၆)ကြိမ် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကျောက်မဲမြို့နယ် ကျွဲကုန်းရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ Y12 ဖြင့် ဗုံး (၄၈)လုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မိုးမိတ်မြို့နယ် စစ်ကောင်စီ ဗျူဟာကုန်းမှနေ၍ တောင်ကိုင်းရွာသို့ ဒရုန်းဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ယနေ့ မိုးကုတ်တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့ရာ စစ်ဆင်ရေး ၂၄ရက်တာအတွင်း အရပ်သား၈၀ ကျော် သေဆုံးခဲ့ရသည်။

(ယနေ့ မိုးကုတ်အရှေ့ပိုင်းတွင် ရေကန်တောင် စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအချို့နှင့် TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA)

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။