Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ်မှ စစ်ကောင်စီသတင်းပေးဆိုသူ ပစ်ခတ်ခံရ၍သေဆုံး

အဆိုပါ ပစ်ခတ်ခံရသူသည် အောက်တိုဘာ ၇ရက်က အောင်ချမ်းသာရွာသို့ စစ်ကောင်စီတပ်မျာ လာရောက်စဉ် စစ်ကောင်စီကို သတင်းပေးအဖြစ်လုပ်ဆောင်ခဲ့သည်ဟုဒေသခံအချို့က ပြောသည်။

People's Spring
People's Spring

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအုပ်စုအောင်ချမ်းသာကျေးရွာမှ စစ်ကောင် စီသတင်းပေးဆိုသူ နိုင်ထွန်းသည် ယနေ့(အောက်တိုဘာ ၁၄)နံနက်တွင် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်းဒေသခံက ပြောပြသည်။

“မနက်က ပျူစောထီးအဖွဲ့ဝင် တစ်ဦး အပစ်ခံရတယ်။ အပစ်ခံရတဲ့သူရဲ့ နာမည်က နိုင်ထွန်းတဲ့။ အပစ်ခံရတဲ့သူက ငါးချက်အပစ်ခံရတယ်။ တစ်ချက်က ပေါင်ကိုထိတယ်လို့ပြောတယ်။အပစ်ခံရတဲ့နေရာကနေ ဆိုင်ကယ်ထားပြီး ထွက်ပြေးတယ်တဲ့။သူအိမ်ကို ပြေးပြီး ငါဒလန်မဟုတ်ဘူးလို့အော်တယ်တဲ့”ဟု ဒေသခံက ပြောသည်။

အဆိုပါ ပစ်ခတ်ခံရသူသည် အောက်တိုဘာ ၇ရက်က အောင်ချမ်းသာရွာသို့ စစ်ကောင်စီတပ်မျာ လာရောက်စဉ် စစ်ကောင်စီကို သတင်းပေးအဖြစ်လုပ်ဆောင်ခဲ့သည်ဟုဒေသခံအချို့က ပြောသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ ကျေးရွာသို့ ရောက်ရှိလာပြီး ယနေ့ ညနေပိုင်းထိ ရွာ၌ တပ်စွဲထားကြောင်း၊ ကျေးရွာသူ ကျေးရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။