Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ်ရှိ တံတားတစ်စင်းကို စစ်‌ကောင်စီတပ် ဖျက်ဆီး၊ ရွာသားလေးဦး ဖမ်းဆီးသွား

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ခလရ(၅၀) တပ်ရင်းမှ စစ်‌ကောင်စီနှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ချောင်းကူးတံတားတစ်စင်းအားဖောက်ခွဲဖျက်ဆီးပြီး အရပ်သားလေးဦးအား ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

မိထက်/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ခလရ(၅၀) တပ်ရင်းမှ စစ်‌ကောင်စီနှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ချောင်းကူးတံတားတစ်စင်းအားဖောက်ခွဲဖျက်ဆီးပြီး အရပ်သားလေးဦးအား ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

စစ်‌ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ယနေ့(ဇူလိုင် ၂၀ရက်) နံနက် ၂နာရီခန့်တွင် ရှုံးရှီရွာနှင့် အောင်မြင်ကျေးရွာသို့ စစ်ကြောင်းထိုးလာခြင်းဟု ဂန့်ဂေါမြို့နယ်ပအဖတာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက “ရှုံးရှီရွာနဲ့အောင်မြင်ရွာကို စစ်ကြောင်းနှစ်ကြောင်းခွဲ ဝင်လာတာ။ မနက်အစောကြီးဝင်လာတော့ ဒေသခံတွေ ပြေးရတယ်ဗျာ။ လေးယောက်ကို ဖမ်းသွားတယ်”ဟု ပြောသည်။

အောင်မြင်ရွာနှင့် ရှုံးရှီရွာချင်းဆက် ချောင်းကူးတံတားအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

” အဲဒီတံတားက ဂန့်ဂေါအနောက်ပိုင်းမှာ ဒေသခံတွေအတွက် အရမ်းအရေးပါတဲ့တံတား။ မိုင်းခွဲတာ မပျက်လို့ အကြိမ်ကြိမ်ခွဲဖျက်ဆီးသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် ဂန့်ဂေါမြို့အတွင်း ပြန်ဝင်သွားပြီဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook