Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့တွင် တိုက်ပွဲများဆက်ဖြစ်​နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့သို့ စစ်ကောင်စီတပ်စစ်ကူများ ရောက်ရှိလာပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေသလို ဒေသခံများ​၏ နေအိမ်များအတွင်း ဝင်ရောက်နေရာယူထားကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့ တနေရာ ယနေ့နံနက်မြင်ကွင်းနှင့် မြို့ခံအချို့ စစ်ဘေးရှောင်ရန် ထွက်ခွာနေစဉ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့သို့ စစ်ကောင်စီတပ်စစ်ကူများ ရောက်ရှိလာပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေသလို ဒေသခံများ​၏ နေအိမ်များအတွင်း ဝင်ရောက်နေရာယူထားကြောင်း သတင်းရရှိသည်။

“ဒီမနက် ရှမ်းတောင်ဘက်က‌နေ စစ်ကူတွေရောက်လာတယ်။ တိုက်ပွဲတော်တော်ပြင်းထန်ပါတယ်။ စစ်တပ်ယုတ်တာက ဒေသခံတွေ အိမ်ထဲ ဝင်ခိုနေတာပါ။ အိမ်တွေကို ဖောက်တယ်။ သူတို့ကို ဟောင်တဲ့ ခွေးတွေကိုပါ ပစ်သတ်ပါတယ်”ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့ ပေါ်တွင် ဇူလိုင် ၂၀ရက်မှစ၍ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး ‌ယနေ့ အထိ့သုံးရက် မြောက်အထိ မြေပြင်တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက် နေသည်ဟု ဒေသခံများက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့ ကားကြီးကွင်း၊အထက(၁) ကျောင်းနှင့် ရန်ကင်းတောင် ဘက်ခြမ်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဟု သတင်းရရှိသည်။

တိုက်ပွဲအတွင်း ပိတ်မိနေသူပြည်သူအများအပြားရှိနေပြီး စိုးရိမ်စရာအနေအထားဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ကျောက်မဲမြို့တွင် ဇွန်လ ၂၅ရက်မှစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် ဒေသခံအများစုမှာ မန္တလေးမြို့အပြင် အနီးနားကျေးရွာများသို့ သွားရောက်တိမ်းရှောင်ခဲ့ကြသည်။ မြို့အတွင်းပိတ်မိနေသူများလည်းရှိပြီး နေအိမ် များ၌ နေထိုင်ကြသလို စစ်ဘေးရှောင်စခန်းများ၌လည်း သွားရောက်တိမ်းရှောင်နေကြရသည်။

ထို့အပြင် တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိနေသည်။

ကျောက်မဲမြို့ရှိ စစ်ကောင်စီစခန်းများနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို TNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားသည်။ မြို့မြောက်ဘက် ၂ မိုင်အကွာရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) အမှတ်(၅၀၁၊ ၅၀၂)တပ်စခန်းနှစ်ခု ကျန်ရှိနေသေးသည်။

ယခင်ရက်များက မြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ ယခုအခါ သုံးရက်ဆက်တိုက်ပွဲပြင်းထန်နေခြင်းဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဒီနေ့စက်တင်ဘာ ၂၅ရက် မနက်ပိုင်းမှာ ဓားပြတိုက်ခံရမှု ဖြစ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook