Connect with us

Hi, what are you looking for?

သတင်း

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦး ကြိုးပေးကွပ်မျက်ခံရမှု(၂)နှစ်ပြည့်အဖြစ် အရာတော်သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်သပိတ်စစ်ကြောင်းသည် ကို‌ဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင်တို့ လေးဦး ကြိုးပေးကွပ်မျက်ခံရမှု (၂)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းမှတ်အဖြစ် ယနေ့(ဇူလိုင်၂၃ရက်)တွင် ချီတက်ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ - အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်သပိတ်စစ်ကြောင်းသည် ကို‌ဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင်တို့ လေးဦး ကြိုးပေးကွပ်မျက်ခံရမှု (၂)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းမှတ်အဖြစ် ယနေ့(ဇူလိုင်၂၃ရက်)တွင် ချီတက်ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ – အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ

အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီမှ ဦးဆောင်၍ အရာတော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အရတပကဖ)တို့က ပူးပေါင်းဝန်းရံကာ စစ်ကောင်စီအထိုင်စခန်းနှင့်နီးစပ်သည့် အရာတော်-ရွှေဘို လမ်းပိုင်းတစ်နေရာတွင် ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“တရားတဲ့သူသာနိုင်ကြေးဟေ့”ဘန်နာစာတန်းကိုင်ဆွဲကာ “ငါတို့အားလုံးကိုဂျင်မီ၊ ငါတို့အားလုံးဖြိုးဇေယျာသော်၊ ငါတို့အားလုံးအောင်သူရဇော် ငါတို့အားလုံးလှမျိုးအောင်”စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သပိတ်စစ်ကြောင်းအား ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ရဲဘော်များလည်း ပူးပေါင်းဝန်းရံခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

ကဗျာ

သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။သူ နိုင်သလောက် ကူတယ်၊ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။အဲ့ဒါ သူ့ဗီဇ။ကျွန်တော်အရမ်းကြိုက်ပြီး...

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၂)မှာ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦး မတရားကြိုးပေးခံရမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင် တို့လေးဦးကို စစ်ကောင်စီက မတရားကြိုးပေးသတ်ဖြတ်ခြင်းခံရခြင်း (၃) နှစ်ပြည့်နှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်အား ထောင်တွင်းအကြမ်းဖက်နှိပ်ဆက်ခံရ၍ ကျဆုံးခြင်းတို့အတွက် ရွှေဘိုမြို့နယ် လမ်းမထက်တစ်နေရာတွင် ယနေ့ (ဇူလိုင် ၂၃) ဆန္ဒပြခဲ့ကြသည်။