Connect with us

Hi, what are you looking for?

သတင်း

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦး ကြိုးပေးကွပ်မျက်ခံရမှု(၂)နှစ်ပြည့်အဖြစ် စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

“ငါတို့အားလုံးကိုဂျင်မီ၊ ငါတို့အားလုံးဖြိုးဇေယျာသော်၊ ငါတို့အားလုံးအောင်သူရဇော်၊ ငါတို့အားလုံးလှမျိုးအောင်” စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်သပိတ်မှောက်ခဲ့ပါတယ်။

သုည/People’s Spring

ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုအောင်သူရဇော်၊ကိုလှမျိုးအောင်တို့ လေးဦး ကြိုးပေးကွပ်မျက်ခံရမှု (၂)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းမှတ်အဖြစ် စစ်ကိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (ဇူလိုင် ၂၃) မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင် သူရဇော် တို့အပါအဝင် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသည့် ကျောင်းသား ပြည်သူရဲဘော်အပေါင်းအား အောက်မေ့ဝမ်းနည်းအထိမ်းအမှတ် ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ ဒေသခံပြည်သူလူထုတို့ ပူးပေါင်းကာ “အာဏာရှင်စနစ်အဆုံးသတ်ဖို့ ပြည်သူအားလုံးပါဝင်စို့” ဘန်နာစာသား ကိုင်စွဲပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကို စစ်အကြမ်းဖက်အုပ်စုက ကြိုးပေးသတ်ဖြတ်ခဲ့တာ (၂)နှစ်ပြည့်အနေနဲ့ “တရားတဲ့သူသာနိုင်ကြေးဟေ့”စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ပါတယ်။

အရာတော်မြို့နယ်မှာလည်း လူထုသပိတ်ဦးဆောင်ကော်မတီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အရတပကဖ)တွေ ပူးပေါင်းပြီး စစ်ကောင်စီအထိုင်စခန်းနဲ့ နီးစပ်တဲ့ အရာတော်-ရွှေဘို လမ်းပိုင်းတစ်နေရာမှာ “တရားတဲ့သူသာနိုင်ကြေးဟေ့” ဘန်နာစာတန်းနဲ့ ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် “ငါတို့အားလုံးကိုဂျင်မီ၊ ငါတို့အားလုံးဖြိုးဇေယျာသော်၊ ငါတို့အားလုံးအောင်သူရဇော်၊ ငါတို့အားလုံးလှမျိုးအောင်” စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်သပိတ်မှောက်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ မတရားကြိုးပေးသတ်ဖြတ်ခံရခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။သူ နိုင်သလောက် ကူတယ်၊ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။အဲ့ဒါ သူ့ဗီဇ။ကျွန်တော်အရမ်းကြိုက်ပြီး...

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၂)မှာ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦး မတရားကြိုးပေးခံရမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင် တို့လေးဦးကို စစ်ကောင်စီက မတရားကြိုးပေးသတ်ဖြတ်ခြင်းခံရခြင်း (၃) နှစ်ပြည့်နှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်အား ထောင်တွင်းအကြမ်းဖက်နှိပ်ဆက်ခံရ၍ ကျဆုံးခြင်းတို့အတွက် ရွှေဘိုမြို့နယ် လမ်းမထက်တစ်နေရာတွင် ယနေ့ (ဇူလိုင် ၂၃) ဆန္ဒပြခဲ့ကြသည်။