Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံမြို့တွင် အင်္ဂုလိဟုခေါ်သည့် စစ်သားတစ်ဦး၏လက်နက်အား PDF များ နပန်းလုံးလုယူ

ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီဝန်းကျင်က ဆီမီးခုံမြို့၊ ရဲစခန်းနှင့်မနီးမဝေးတွင် သေနတ်နှင့်ကျည်များ သွားလေရာလွယ်ထား၍ အင်္ဂုလိဟုခေါ်ဆိုသူ စစ်ကောင်စီတပ်သားတစ်ဦးအား စတင်ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ကျည်ကာပါနေ၍ ၎င်းတပ်သားအား အလွတ်ဝင်လုံးကာ သေနတ်လုယူခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၁)၏ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သားထံမှ PDF များက သေနတ်ဝင်လုနေစဥ်။ ဓာတ်ပုံ-မြင်းခြံခရိုင်ရင်း -၁

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် သေနတ်နှင့်ကျည်များ သွားလေရာလွယ်ထား၍ အင်္ဂုလိဟုခေါ်ဆိုကြသည့် စစ်ကောင်စီတပ်သားတစ်ဦး၏ လက်နက်အား PDFများက နပန်းလုံးလုယူခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီဝန်းကျင်က ဆီမီးခုံမြို့၊ ရဲစခန်းနှင့်မနီးမဝေးတွင် သေနတ်နှင့်ကျည်များ သွားလေရာလွယ်ထား၍ အင်္ဂုလိဟုခေါ်ဆိုသူ စစ်ကောင်စီတပ်သားတစ်ဦးအား စတင်ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ကျည်ကာပါနေ၍ ၎င်းတပ်သားအား အလွတ်ဝင်လုံးကာ သေနတ်လုယူခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၁)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်က ဖိုးဝီးကားနဲ့စျေးလာတယ်။ ကွမ်းဝယ်ထုပ်တယ်။ အမြဲတမ်း 40 အတွဲကြီးတွေ ကိုင်လာတာ။ 40 ကြီးလွယ်ပြီး အင်္ဂုလိဆိုပြီး နာမည်ကြီးနေတာ။ ရင်ဘတ်နှစ်ချက်ပစ်တော့ ကျည်ကာပါတော့ ဆီးပုံးနှစ်ချက်ထပ်ပစ်တယ်။ စခန်းနဲ့ကိုမဝေးဘူး။ လှမ်းခေါ်ရင်ကြားရတယ်။ နည်းန​ည်းလေး မိုက်ရူးရဲဆန်ပြီးကိုလုပ်ခဲ့တာ။ နပန်းလုံးပြီး လုခဲ့တာ။”ဟု မြင်းခြံခရိုင်တပ်ရင်း (၁)၏ တာဝန်ရှိသူက ပြောသည်။

ထို့နောက် သေနတ်အားရရှိခဲ့ပြီးနောက် PDF ရဲဘော်များ ဆုတ်ခွာခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

ထိုသို့ လုပ်ဆောင်မှုကို ငါန်းဇွန်ဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း (၁) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆီမီးခုံမြို့သည် စစ်ကောင်စီတပ်အင်အားအများအပြားဖြင့် တပ်စွဲထားပြီး မြင်းခြံမြို့နယ်အပြင် မြစ်တဖက်ကမ်းစစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဘက်ခြမ်းပါ စစ်ကြောင်းထိုးမီးရှို့နေသော စစ်အုပ်စုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။