Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ပြေး နှစ်ဦး လက်နက်များနှင့်အတူ သံတောင် PDF ဖမ်းမိ

အဆိုပါ တပ်သားနှစ်ဦးသည် သံတောင်မြို့ရှိ (၆၀၄)တပ်မှ တပ်သားနှစ်ဦးဖြစ်ပြီး ၎င်းတို့တပ်မှ လက်နက်ဖြင့် တပ်ပြေးလာခြင်းအား သံတောင် PDF၏ MLB စစ်ကြောင်းမှ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်ပြေး နှစ်ဦးအား လက်နက်များနှင့်အတူတွေ့ရစဥ်။ ဓာတ်ပုံ - သံတောင် PDF

ထားမြတ်/People’s Spring

သံတောင်မြို့ရှိ စစ်ကောင်စီတပ်မှ ထွက်ပြေးလားသည့် စစ်သားနှစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း People Defence Force Thandaungက သတင်းထုတ်ပြန်သည်။

လက်နက်များယူဆောင်ပြီး စစ်ကောင်စီတပ်မှ ထွက်ပြေးလာခြင်းဖြစ်သည့် အဆိုပါတပ်သား နှစ်ဦးကို ဆုငွေချီးမြှင့်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းကိုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တပ်သားနှစ်ဦးသည် သံတောင်မြို့ရှိ (၆၀၄)တပ်မှ တပ်သားနှစ်ဦးဖြစ်ပြီး ၎င်းတို့တပ်မှ လက်နက်ဖြင့် တပ်ပြေးလာခြင်းအား သံတောင် PDF၏ MLB စစ်ကြောင်းမှ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

အဆိုပါတပ်သားများနှင့်အတူ MA1 သေနတ်တစ်လက်၊MAကျည် ၆၀၀၊MAကျည်‌ ဘောက်၆ခု၊ MA5သေနတ် တစ်လက်၊ ၉ မမကျည်၁၀‌‌ တောင့်နှင့် MA5 magazine နှစ်ခုနှင့် လက်ပစ်ဗုံး၂လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

တောင်ငူခရိုင်၊တပ်မဟာ(၂ )၊တပ်ရင်း(၅ )လက်အောက်ခံ သံတောင် PDF ၏ MLB စစ်ကြောင်း မှ ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးများကိုလည်း ထုတ်ပြန်ခဲ့ရာ ဇူလိုင် ၁၀ရက်မှ ၂၂ရက်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့သည်ဟု ဖြစ်စဉ်အလိုက် ဖော်ပြသည်။

ဇူလိုင် ၁၀ရက်တွင် တောင်ငူ – လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းအား စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦးနှင့်တပ်သား နှစ်ဦး သေဆုံးသွားကြောင်း၊ ထို့ပြင် ဇူလိုင် ၁၇ရက်တွင် ကျောက်လုံးကြီးစခန်းအား စနိုက်ပါဖြင့်ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ဇူလိုင် ၂၂ရက်ကလည်း လိပ်သိုမှတောင်ငူမြို့သို့ ထွက်ခွာလာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တောင်ငူ-လိပ်သို လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ပြီး ၄၀ မမ ဖြင့် ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်က် များပြားခဲ့သည်ဟုလည်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။