Connect with us

Hi, what are you looking for?

News

သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေ ကို အမှုကိစ္စတွေပြောဆိုခွင့် စစ်ကောင်စီပိတ်ပင်

ပြည်တွင်းပြည်ပ မီဒီယာတွေအပြင် သံတမန်တွေ ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ INGO ၊ နိုင်ငံခြားအစိုးရတာဝန်ရှိသူတွေ နဲ့လည်း ဆက်သွယ်ပြောဆိုတာတွေမလုပ်ရဘူးလို့ စစ်ကောင်စီက စာထုတ်ထားတာတွေ့ရပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တရားရုံးထွက်ဆိုချက်တွေ မီဒီယာကိုထုတ်ပြန်ပြောဆိုတာတွေမလုပ်ဖို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကိုစစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ထွက်ဆိုချက်တွေ ကြောင့် အပြင်းအထန်ဝေဖန်ခံနေရတဲ့ စစ်ကောင်စီဟာ ရှေ့နေဦးခင်မောင်ဇော် ရှေ့ဆက်ဘာမှပြောဆိုလို့မရအောင် တားမြစ်လိုက်တာလည်းဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ မီဒီယာတွေအပြင် သံတမန်တွေ ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ INGO ၊ နိုင်ငံခြားအစိုးရတာဝန်ရှိသူတွေ နဲ့လည်း ဆက်သွယ်ပြောဆိုတာတွေမလုပ်ရဘူးလို့ စစ်ကောင်စီက စာထုတ်ထားတာတွေ့ရပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ရဲ့ ဆက်သွယ်ပြောဆိုချက်တွေဟာ အများပြည်သူငြိမ်ဝပ်မူ၊ ရုန်းရင်းဆန်ခတ်မှုတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့်လို့ စစ်ကောင်စီက စွပ်စွဲထားတာပါသေးတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းတဲ့နေ့မှာကျန်းမာရေးအကြောင်းပြပြီး ရာထူးကနုတ်ထွက်ဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခဲ့ တာကိုသမ္မတက တရားခွင်မှာထွက်ဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အပေါ် စွပ်စွဲချက်တွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ရှေ့နေတွေကိုပြောခဲ့တာတွေရှိပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 20

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။