Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲနှင့် မိုးမိတ်မြို့တို့၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဟု TNLA ထုတ်ပြန်

မိုးကုတ်မြို့နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိ

People’s Spring

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့် မိုးမိတ်မြို့တို့၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး မိုးကုတ်မြို့နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)၊ ယနေ့ (၃၄)ရက်မြောက်နေ့တွင် ကျောက်မဲမြို့နှင့် မိုးမိတ်မြို့၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မိုးကုတ်မြို့နယ်တွင် နယ်မြေဆက်လက်ရှင်းလင်းရာ စစ်ကောင်စီတပ်၏ လက်နက်အချို့ သိမ်းဆည်းရပြီး စစ်သုံ့ပန်း (၂)ဦး ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့ ဗျူဟာကုန်း၌ TNLA နှင့် စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) လက်အောက်ခံ ခလရ (၃၄၈)တို့ ယနေ့ နံနက်ပိုင်းတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီထံ လက်နက် (၄) လက် သိမ်းဆည်းရမိခဲ့ပြီး ညနေပိုင်းတွင်လည်း မိုးမိတ်မြို့ စကခ (၂၁)လက်အောက်ခံ ခလရ (၂၇၆)တပ်ရင်းတို့နှင့်လည်းကောင်း၊ ညောင်ပင်ဆောက်စခန်းရှိ စကခ(၂၁)လက်အောက်ခံ ခလရ(၂၂၃)တို့နှင့်လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အလားတူ ကျောက်မဲမြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁) လက်အောက်ခံ ခမရ (၅၀၁၊ ၅၀၂)တပ်ရင်းတို့နှင့် လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်း စသည့် နေရာများ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က အသိပေးသည်။

ထို့အပြင် မိုးကုတ်မြို့နယ်တွင် TNLA မှ နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ သေနတ် (၄) လက်၊ လက်ပစ်ဗုံး၊ RPG နှင့် ငါးကျင်းမြှီးစသည့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိသည့်အပြင် စစ်သုံးပန်း (၂) ဦးကိုလည်း ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူမှာ စစ်ရေးတင်းမာနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်တပ်က စစ်မှုထမ်းစေခိုင်းဖို့အတွက် အတင်းအဓမ္မလူသစ်စုဆောင်းမှုနဲ့ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။