Connect with us

Hi, what are you looking for?

သတင်း

သံချပ်ကာတပ်ရင်း နှင့် ဆက်သွယ်ရေးတပ်ရင်းအပါအဝင် လာရှိုးမြို့မှ စစ်ကောင်စီတပ်စခန်းများကို ​တော်လှန်​ရေးတပ်များထပ်မံသိမ်းပိုက်

လားရှိုး မြို့တွင်​တော်လှန်​ရေးတပ်များသိမ်းပိုက်ထား​​သောစခန်း ၁၅ ခုအထိရှိလာ

BPLA တပ်ဖွဲ့ဝင်များနှင့်အတူ သိမ်းဆည်းရရှိ​သော သံချပ်ကာကားကို​တွေ့ရစဥ်။ဓါတ်ပုံ-BPLA

​ဟန်​နွေ/People’s Spring

လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ယနေ့သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၈ရက်နှင့် ၂၉ရက်နေ့များ၌မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုကသိမ်းပိုက်နိုင်ခဲ့သည့် တပ်စခန်းများကို ယခုကဲ့သို့ အသိပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

BPLA တပ်ဖွဲ့ဝင်များနှင့်အတူ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ ဓါတ်ပုံ-BPLA

လားရှိုးမြို့အခြေစိုက် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ်(၂၄၂)စစ်လက်နက်တပ်ခွဲ နှင့် တပ်မတော်ဂေါက်ကွင်းတို့မှ စစ်​ကောင်စီတပ်များကို အပြီး တိုင်တိုက်ထုတ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတပ်စခန်းများကို သိမ်းပိုက်နိုင်​ကြောင်းထုတ်ပြန်​သော သတင်းဓါတ်ပုံမှတ်တမ်းတွင် သံချပ်ကာကား ကိုပါသိမ်းဆည်းနိုင်ခဲ့ပြီး BPLA တပ်ဖွဲ့ဝင်များက သံချပ်ကာကားနှင့် ဓါတ်ပုံရိုက်ထားသည်ကို​တွေ့ရသည်။ ထိုအပြင် လက်နက်ခဲယမ်းများစွာသိမ်းပိုက်နိုင်ခဲ့သည်ကိုလည်း​​တွေ့ရသည်။

MNDAAကလည်းတိုက်ပွဲသတင်း ထုတ်ပြန်ထားရာ ဇူလိုင် ၂၈ရက်က လားရှိုးဘူတာကိုသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းရုပ်သံမှတ်တမ်းနှင့်အတူဖော်ပြသည်။

လားရှိုး မြို့တွင် ​တော်လှန်​ရေးတပ်များ သိမ်းပိုက်ထား​​သော စခန်း စုစု​ပေါင်း ၁၅ ခုရှိ​နေပြီဖြစ်​ကြောင်း စစ်​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။

MNDAAက ဇူလိုင် ၂၅ရက်တွင် လားရှိုးမြို့ရှိစစ်ကောင်စီတပ်များကိုသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာကာမြို့တွင်းအုပ်ချုပ်ရေးဖော်ဆောင်မည်ဟု အသိပေးပြီးနောက် စစ်ကောင်စီလက်ကျန် တပ်စခန်းများ အား ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

(BPLA တပ်ဖွဲ့ဝင်များနှင့်အတူ သိမ်းဆည်းရရှိ​သော သံချပ်ကာကား၊ လက်နက်ခဲယမ်းများကို​တွေ့ရစဥ်။ဓါတ်ပုံ-BPLA)

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။