Connect with us

Hi, what are you looking for?

News

သဘောတူညီမှုကိုမလေးစားရင် စစ်ကောင်စီခေါင်းဆောင်ထိပ်သီးအစည်းအဝေးတက်ရောက်မှာ မလိုလားဘူးလို့ မလေးရှားပြောလာ

အဲဒီအစည်းအဝေးကတော့ အာဆီယံသဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ဖို့ပျက်ကွက်တာကြောင့် စစ်ကောင်စီခေါင်းဆောင်ကို ဒီလကုန်မှာ ကျင်းပမယ့်ထိပ်သီးအစည်းအဝေးကိုတက်ခွင့် ပြု မပြုဆွေးနွေးကြမှာဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ သူ့ကိုယ်တိုင်လက်ခံထားတဲ့ အာဆီယံသဘောတူညီချက်တွေကို လေးစားမှု မရှိရင် လာမယ့် ထိပ်သီးအစည်းအဝေး ကို တက်ရောက်ခွင့်ပြုမှာ မလိုလားဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

စင်ကာပူအခြေစိုက် CNA သတင်းဌာနရဲ့ဖော်ပြချက်အရ မလေးရှားဝန်ကြီးချုပ်ဟာ ဒီနေ့ညနေပိုင်းမှာ ပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေဝန်ကြီးအဆင့်အစည်းအဝေးမစတင်မီမှာ ဒီစကားကိုထုတ်ပြောလာတာပါ။

အဲဒီအစည်းအဝေးကတော့ အာဆီယံသဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ဖို့ပျက်ကွက်တာကြောင့် စစ်ကောင်စီခေါင်းဆောင်ကို ဒီလကုန်မှာ ကျင်းပမယ့်ထိပ်သီးအစည်းအဝေးကိုတက်ခွင့် ပြု မပြုဆွေးနွေးကြမှာဖြစ်ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ပျက်ပြယ်သွားပြီးနောက် ဒီအစည်းအဝေးဖြစ်ပေါ်လာတာပါ။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခွင့်ရဖို့တောင်းဆိုပေမယ့် စစ်ကောင်စီဘက်က လက်မခံတာကြောင့် ခရီးစဉ်အထမမြောက်တာလည်းဖြစ်ပါတယ်။

မြန်မာ့အရေးကို ဖြေရှင်းရာမှာ အာဆီယံအထူးကိုယ်းစားလှယ်ဟာ တွေ့သင့်တွေ့ထိုက်သူတွေနဲ့တွေ့ဆုံခွင့်ရရမယ်လို့ အာဆီယံသဘောတူညီချက်ထဲမှာလည်းပါဝင်နေပါတယ်။

မလေးရှားဝန်ကြီးချုပ်က အာဆီယံ ကိုယ်စားလှယ်ဟာ လာမယ့်အပတ်ထဲမှာ မြန်မာနိုင်ငံကိုသွားရောက်ဖို့စီစဉ်ထားတဲ့အကြောင်းပြောပါတယ်။

ဒါကြောင့် လာမယ့်ခရီးစဉ်အတွက် တောင်းဆိုထားတာကိုတွေကိုစစ်ကောင်စီဘက်က လိုက်လျောမှုရှိ မရှိ ဒီညနေမှာကျင်းပမယ့်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာဆွေးနွေးကြမှာပါ။

” ဒီညနေမှာ ခရီးစဉ်အတွက် အသေးစိတ်တောင်းဆိုချက်တွေကို ဆွေးနွေးမယ် “လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

” အကယ်လို့ တိုးတက်မှုမရှိရင် မြန်မာစစ်ခေါင်းဆောင် ထိပ်သီးအစည်းအဝေးတက်တာကိုမလိုလားဘူးလို့”လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဆီယံအထူးကိုယ်စားလှယ်နဲ့ သူတို့အကြား ခရီးစဉ်အတွက်တောင်းဆိုမှုတွေကိုအပြန်အလှန် ညှိနှိုင်း ခဲ့တာတွေရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး
Photo: Reuters/Andrea Verdelli

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook