Connect with us

Hi, what are you looking for?

LuduNwayOo

News

သဘောတူညီမှုကိုမလေးစားရင် စစ်ကောင်စီခေါင်းဆောင်ထိပ်သီးအစည်းအဝေးတက်ရောက်မှာ မလိုလားဘူးလို့ မလေးရှားပြောလာ

အဲဒီအစည်းအဝေးကတော့ အာဆီယံသဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ဖို့ပျက်ကွက်တာကြောင့် စစ်ကောင်စီခေါင်းဆောင်ကို ဒီလကုန်မှာ ကျင်းပမယ့်ထိပ်သီးအစည်းအဝေးကိုတက်ခွင့် ပြု မပြုဆွေးနွေးကြမှာဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ သူ့ကိုယ်တိုင်လက်ခံထားတဲ့ အာဆီယံသဘောတူညီချက်တွေကို လေးစားမှု မရှိရင် လာမယ့် ထိပ်သီးအစည်းအဝေး ကို တက်ရောက်ခွင့်ပြုမှာ မလိုလားဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

စင်ကာပူအခြေစိုက် CNA သတင်းဌာနရဲ့ဖော်ပြချက်အရ မလေးရှားဝန်ကြီးချုပ်ဟာ ဒီနေ့ညနေပိုင်းမှာ ပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေဝန်ကြီးအဆင့်အစည်းအဝေးမစတင်မီမှာ ဒီစကားကိုထုတ်ပြောလာတာပါ။

အဲဒီအစည်းအဝေးကတော့ အာဆီယံသဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ဖို့ပျက်ကွက်တာကြောင့် စစ်ကောင်စီခေါင်းဆောင်ကို ဒီလကုန်မှာ ကျင်းပမယ့်ထိပ်သီးအစည်းအဝေးကိုတက်ခွင့် ပြု မပြုဆွေးနွေးကြမှာဖြစ်ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ပျက်ပြယ်သွားပြီးနောက် ဒီအစည်းအဝေးဖြစ်ပေါ်လာတာပါ။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခွင့်ရဖို့တောင်းဆိုပေမယ့် စစ်ကောင်စီဘက်က လက်မခံတာကြောင့် ခရီးစဉ်အထမမြောက်တာလည်းဖြစ်ပါတယ်။

မြန်မာ့အရေးကို ဖြေရှင်းရာမှာ အာဆီယံအထူးကိုယ်းစားလှယ်ဟာ တွေ့သင့်တွေ့ထိုက်သူတွေနဲ့တွေ့ဆုံခွင့်ရရမယ်လို့ အာဆီယံသဘောတူညီချက်ထဲမှာလည်းပါဝင်နေပါတယ်။

မလေးရှားဝန်ကြီးချုပ်က အာဆီယံ ကိုယ်စားလှယ်ဟာ လာမယ့်အပတ်ထဲမှာ မြန်မာနိုင်ငံကိုသွားရောက်ဖို့စီစဉ်ထားတဲ့အကြောင်းပြောပါတယ်။

ဒါကြောင့် လာမယ့်ခရီးစဉ်အတွက် တောင်းဆိုထားတာကိုတွေကိုစစ်ကောင်စီဘက်က လိုက်လျောမှုရှိ မရှိ ဒီညနေမှာကျင်းပမယ့်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာဆွေးနွေးကြမှာပါ။

” ဒီညနေမှာ ခရီးစဉ်အတွက် အသေးစိတ်တောင်းဆိုချက်တွေကို ဆွေးနွေးမယ် “လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

” အကယ်လို့ တိုးတက်မှုမရှိရင် မြန်မာစစ်ခေါင်းဆောင် ထိပ်သီးအစည်းအဝေးတက်တာကိုမလိုလားဘူးလို့”လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဆီယံအထူးကိုယ်စားလှယ်နဲ့ သူတို့အကြား ခရီးစဉ်အတွက်တောင်းဆိုမှုတွေကိုအပြန်အလှန် ညှိနှိုင်း ခဲ့တာတွေရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး
Photo: Reuters/Andrea Verdelli

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။