Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သား ၉ဦးသေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အရပ်သား သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

ထားမြတ်/People’s Spring

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အရပ်သား သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

KNU သထုံခရိုင်(ဒူးသထူခရိုင်)အတွင်း အာဏာ သိမ်း စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ပြည်သူလူထုများ နေထိုင် ရာကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့၍ ဇူလိုင် ၂၂ရက်နှင့် ၂၃ရက်တွင် အရပ်သားသေဆုံးမှုများထပ်မံဖြစ်ခဲ့ရဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၂ရက်က စစ်ကောင်စီ အမှတ် (၃၁၀) အမြောက်တပ်ရင်းစခန်းမှ သိမ်ဇရပ်မြို့ရှိ ရပ်ကွက်များထဲသို့ လက်နက်ကြီး (၁၀)လုံး ပစ်ခတ် ခဲ့ရာ သိပ်ဇရပ်ရွာလေး ရပ်ကွက် (၇)လမ်းတွင်နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် ကိုယ်ဝန် လေးလလွယ်ထားရသည့် အမျိုးသမီးတစ်ဦးသေဆုံးကာ နောက်ထပ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNUကထုတ်ပြန်သည်။

သံဇရပ်ရှိ စစ်ကောင်စီ ရဲစခန်းအား တော်လှန်ရေးအင်အားစုမှ ပြောက်ကျားတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အပေါ် စစ်ကောင်စီက ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပြန်လည်ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံကို ကိုးကားဖော်ပြသည်။

ဇူလိုင် ၂၃ရက်တွင်လည်း ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေးရွာအနီး၌ စစ်ကြောင်းထိုး လာသော အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွှုလည်း ကျိုက်ထို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ရွှေတွင်းလုပ်သား ၇ဦး သေဆုံးခဲ့ရဟု ဆိုသည်။

ကျိုက်ထိုမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အမှတ်-(၆၀၂) ဒုံးတပ်ရင်းမှ ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းရွာထဲသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး(ဟောင်ဝစ်ဇာ) လေးလုံး ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ (၇)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

သေဆုံးထိခိုက်သူများမှာ ရွှေတွင်းအလုပ်သမားများဖြစ်ကြပြီး ကျောက်တန်းလေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားသောကြောင့် မြို့သို့ တိမ်းရှောင်ရန် ထွက်လာစဥ် ပျဥ်းကတိုးကုန်းရွာအရောက် လက်နက်ကြီး ထိမှန် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီတပ် (အမှတ်-၆၀၂)ဒုံးတပ်ရင်းမှာ ယခင်က (အမှတ်-၆၀၂) အမြောက်တပ်ရင်းတစ်ခု ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှ ၎င်းဒုံးတပ်ရင်းအား အစားထိုးပြောင်းလဲလိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်အပါအဝင် KNU အုပ်ချုပ်နယ်မြေများရှိ အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ ယခုနှစ်ဝက်အတွင်း ဒေသခံ ပြည်သူ ၁၃၀ ဦးကျော်သေဆုံးကာ ၄၃၀ကျော် ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook