Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ထောင် ၂ နှစ်ချထားတဲ့ ကချင်ပြည်နယ် သယံဇာတဝန်ကြီးပြန်လွတ်လာ

ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချခံရတဲ့ ဦီးဒါရှီလဆိုင်းဟာ ထောင်ဒဏ်ရက်စေ့ပြီး လွတ်မြောက်လာ တာပါ။

စစ်ကောင်စီ ထောင် ၂ နှစ်ချထားတဲ့ကချင်ပြည်နယ် သယံဇာတဝန်ကြီးပြန်လွတ်လာ

ဆိုင်းမင်း/People’s Spring

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထောင်ချထားတဲ့ NLD အစိုးရရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝင်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း ဇူလိုင်လ ၂၉ ရက်က မြစ်ကြီးနားထောင်ကနေ လွတ်မြောက်လာပြီလို့ မိသားစုနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချခံရတဲ့ ဦီးဒါရှီလဆိုင်းဟာ ထောင်ဒဏ်ရက်စေ့ပြီး လွတ်မြောက်လာ တာပါ။

Public Service Announcement

Public Service Announcement

“လွတ်လာတာဟုတ်ပါတယ် ၊ သူနေကောင်းကျန်းမာပါတယ်”လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းမှုကိုလက်မခံတဲ့အနေနဲ့ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရဖွဲ့ပြီးချိန်ထိ ကချင်ပြည်နယ်အစိုးရအဖွဲ့ လက်အောက်က ဌာနဆိုင်ရာ ရုံးတွေကို ပိတ်ရက်အဖြစ် သတ်မှတ်တယ်လို့ ဝန်ကြီး ဦီးဒါရှီလဆိုင်းက ထုတ်ပြန်ချက်ထုတ်ခဲ့တာပါ။

အဲဒီထုတ်ပြန်ချက်ကိုမကျေနပ်တဲ့ စစ်ကောင်စီက စာထုတ်တဲ့ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၉ ရက်မှာတင် ဦီးဒါရှီလဆိုင်းကို နေအိမ်မှာ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅(ခ)နဲ့ ထောင် ၂ နှစ်ချလိုက်တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်အားလုံးကိုဖမ်းဆီးထောင်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာတော့ စည်ပင်ဝန်ကြီးနဲ့ စီမံစီပွားဝန်ကြီးတို့ လွတ်မြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နောင်းမီကျေးရွာက အရပ်သား ပြည်သူ ၄ဦးကို စစ်တပ်လက်အောက်ခံပြည်သူ့စစ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။