Connect with us

Hi, what are you looking for?

သတင်း

စစ်​ကြောင်းထိုးရာ အထိနာပြီး​နောက် စစ်​ကောင်စီတပ်က လွိုင်​ကော်မြို့ ရွာတန်းရှည်ရပ်ကွက်ကိုဗုံးကြဲ

၁၀ ရက်ကြာမြေပြင်ထိုးစစ်တွင် သေဆုံးဒဏ်ရာရသူများပြီး အထိနာခဲ့သည့် စစ်ကောင်စီတပ်က လွိုင်ကော်မြို့နယ် ရွာတန်းရှည် ရပ်ကွက် ကို ယနေ့(ဇူလိုင် ၃ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကြောင်း ကရင်နီစစ်ရေးသတင်းရင်း မြစ်များ​က ပြောသည်။

KNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF

ရဲခေါင်/People’s Spring

၁၀ ရက်ကြာမြေပြင်ထိုးစစ်တွင် သေဆုံးဒဏ်ရာရသူများပြီး အထိနာခဲ့သည့် စစ်ကောင်စီတပ်က လွိုင်ကော်မြို့နယ် ရွာတန်းရှည် ရပ်ကွက် ကို ယနေ့(ဇူလိုင် ၃ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကြောင်း ကရင်နီစစ်ရေးသတင်းရင်း မြစ်များ​က ပြောသည်။

“မနက်က ၉ နာရီလောက်မှာ ဗုံးလာကြဲတယ်။ထိခိုက် မှုတော့ မသိရသေးဘူး။တိုက်ပွဲဆက်ဖြစ်နေတယ်”ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ လွိုင်ကော် တိုက်ပွဲကိုရှင်းပြသည်။

Public Service Announcement

Public Service Announcement

ကရင်နီပူးပေါင်းတပ်များ အထိုင်ချတပ်စွဲထားသော လွိုင်ကော်မြို့၏ တောင်ဘက်တွင်ရှိသည့် ရွာတန်း ရှည်ရပ်ကွက်ကိုစစ်ကောင်စီက တပ်ရင်း ၂ ရင်း ဖြင့်ဇူလိုင်လ ၂၁ ရက်တွင်စတင်စစ်​ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

စစ်​ကြောင်းထိုးရာ ကရင်နီတပ်​ပေါင်းစုကခုခံတိုက်ခိုက်သဖြင့် စစ်ကောင်တပ်သားများ နေ့စဥ် ထိခိုက်သေဆုံးသူများခဲ့ပြီး ရွာတန်းရှည်ရှိ ငါးထပ်တိုက် အဆောက်အဦးကိုပင် မကျော်ဖြတ်နိုင်ဟု လွိုင်ကော်ရှိ စစ်ကောင် စီ သတင်းပေးများက ၎င်းတို့၏လူမှုကွန်ယက်၌ ဖော်ပြ သည်။

“မနေ့ကဆို ရွာတန်းရှည်တိုက်ပွဲမှာ စစ်သည်(စစ်ကောင်စီ တပ်သား)ငါးဦး ထိခိုက်တယ်။တစ်ဦးသေတယ်”ဟု လွိုင်ကော်မြို့ရှိစစ်ကောင်စီထောက်ခံသူက ပြောသည်။

မိုင်းလုံး၊ပန်ကန်း၊ရွာတန်းရှည် ရပ်ကွက် များတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့်အတူ လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ် အစပ်ရှိ ဒေါပိုစီ နှင့် ဒေါဆန်ဘွန်း ကျေးရွာ ကြား၌ ထိတွေ့တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံတဦးက အသိပေးသည်။

“မနက်ကတည်းက ၁၁ နာရီလောက်အထိ ဒေါပိုစီ ဘက်မှာ ပစ်ခတ်သံတွေ ဆူညံနေတာပဲ။အခုနေ့လည် (ဇူလိုင် ၃၁ ​နေခင်း)ပိုင်းတော့ ခဏ ငြိမ်သွားတယ်”ဟု ၎င်းက ပြောသည်။

စစ်​ကြောင်းထိုး​နေသည့် စစ်ကောင်စီတပ်၏ စစ်ရေးရည်မှန်းချက်သည် လွိုင်ကော်မှတဆင့် ဒီမောဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်းလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန်ဖြစ်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“တိုက်ပွဲက လွိုင်ကော်ကနေ အောက်ဖက်ကို ဆင်းလာတာပေါ့။အထူးသဖြင့် ရွာတန်းရှည်နဲ့ မိုင်းလုံးကို ရရင် ဒီးမော့ဆို နဲ့အရင်ချိတ်မယ်ပြီးရင် စစ်ကြောင်းတွေနဲ့ ဖားဆောင်းအထိ ဆင်းမယ်။တဖြည်းဖြည်းနဲ့ သူတို့ရဲ့ စိုးမိုးနေရာတွေကို ပြန်ရှာနေတာလို့ ပြောလို့ရတယ်”ဟု ၎င်းက သုံးသပ်သည်။

ကရင်နီ၏ ၁၁.၁၁ စစ်ဆင်ရေး ၏နောက်ဆက်တွဲအဖြစ် လွိုင်ကော်မြို့ကိုထိန်းချုပ်ရန် ကြိုးပမ်းမှု၌ မြို့၏ အနောက်ဘက်ခြမ်းကို ခေတ္တဆုတ်ခွာထားရပြီး ကျန်ရှိသည့် နေရာများတွင် တိုက်ပွဲဖော်ဆောင်နေသည်ဟု ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူးက မကြာသေးမီရက်ပိုင်းက ​​ပြောကြားထားသည်။

ထို့အပြင် မိုးဗြဲ၊ဖယ်ခုံ ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းများကို ပြန်လည်ဆုတ်ခွာအောင် တိုက်ခိုက်ထားနိုင်ပြီး လက်နက် ၄၀ ကျော်ရရှိထားသည်ဟုလည်း ၎င်းက အသိပေးသည်။

ဇွန်လဆန်းပိုင်းကစ၍ ရှမ်းပြည်နယ်၊ဆီဆိုင်မြို့မှ ပအိုဝ်းပြည်သူ့စစ်များနှင့်အတူ စစ်ကောင်စီသည် ကရင်နီ ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် လွိုင်ကော် မြို့ ပေါ်နေရာများအပါအဝင် မိုးဗြဲ၊ဖယ်ခုံ မြို့ များသို့ ထိုး စစ်ဆင်နေခြင်းဖြစ်သည်။

လွိုင်ကော်မြို့တစ်ဝိုက်ရှိ ကရင်နီပူးပေါင်းတပ်များကို သုံးရက်အတွင်း ချေမှုန်း ရန်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်က ညွှန်ကြားကြောင်း စစ်ကောင်စီဝါဒဖြန့်သူများက ယနေ့ နံနက်ပိုင်းတွင် လူမှုကွန်ယက်၌ ဖြန့်ဝေလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို နေ့စဉ် လေကြောင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေတာဟာ တိုက်ပွဲမှာ အထိနာနေလို့ ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။