Connect with us

Hi, what are you looking for?

News

အရာ​​တော်မြို့နယ်တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာ​သောရဲနှင့်စစ်သားတစ်ဦး လွတ်​မြောက်နယ်​မြေသို့​ဘေးကင်းစွာ​ရောက်

အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအား နယ်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ခုခံတော်လှန်နေကြသည်။

People's Spring
People's Spring

အရာတော်မြို့နယ်တွင် ပြည်သူ့ရင်ခွင်ခိုလှုံကာ ပြည်သူ့ဘက်ရပ်တည်လာသည့် တပ်မတော်သားနှင့်ရဲတပ်သားတို့အား လွတ်မြောက်နယ်မြေသို့ ဘေးကင်းစွာပို့ဆောင်ပေးခဲ့ကြောင်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန် သည်။

အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် အရာတော်မြို့နယ် ပြည်သူ့ရင်ခွင်အဖွဲ့တို့၏ ပူးပေါင်းကူညီမှုဖြင့် အရာတော်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှကိုယ်ပိုင်အမှတ် (လ/၂၅၅၉၅၃) ရဲတပ်သား ကောင်းထက်ဇော်နှင့် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀) မှ ကိုယ်ပိုင်အမှတ် (တ/၃၄၆၅၃၃) ဒုတပ်ကြပ် ကျော်လှိုင်ဦးတို့သည် အောက်တိုဘာ၆ ရက်တွင် ပြည်သူ့ရင်ခွင်သို့ခိုလှုံ၍ ပြည်သူ့ဘက်က ရပ်တည်လာခဲ့ကြောင်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးခဲ့သည်။

အဆိုပါ ပြည်သူ့တပ်မတော်သား ဒုတပ်ကြပ်ကျော်လှိုင်ဦးနှင့် ရဲတပ်သား ကောင်းထက်ဇော်တို့ကို အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် အရာတော်မြို့နယ် ပြည်သူ့ရင်ခွင် အဖွဲ့တို့က ကူညီပြီး ယနေ့အောက်တိုဘာ ၁၅ ရက်တွင် လွတ်မြောက်ဒေသသို့ ဘေးမသီရန်မခ အရောက်ပို့ဆောင်ပေးခဲ့ကြောင်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ပြည်သူ့ဘက်မှရပ်တည်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလိုသော ပြည်သူ့တပ်မတော်သား၊ ပြည်သူ့ရဲများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများမှတဆင့် အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် အရာတော်မြို့နယ် ပြည်သူ့ရင်ခွင် အဖွဲ့တို့ထံ ဆက်သွယ်နိုင်ကြောင်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအား နယ်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ခုခံတော်လှန်နေကြသည်။

တစ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံရန်ဆက်သွယ်လာသော တပ်သားနှင့်ရဲ ၇၆၃ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (​အောက်တိုဘာ ၁၅)ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရမှ ခုခံတွန်းလှန်စစ်စတင်ပြီ ဖြစ်ကြောင်း ကြေညာသည့် စက်တင်ဘာ၇ရက်မှ စတင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်း ဆက်သွယ်လာသည့် တပ်သားနှင့်ရဲများနေ့စဉ် တိုးပွားလာနေကြောင်းလည်း NUGက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။