Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက လောက်ကိုင်ဆေးရုံကို ဗုံးကြဲ၊ ​ဒေသခံပြည်သူ ဆယ်ဦးထက်မနည်း သေဆုံး

(ဩဂုတ်လ ၁ရက်)ည ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူဆယ်ဦးထက်မနည်းသေဆုံးသွားကြောင်းဒေသခံများကပြောသည်။

မိထက် / People’s Spring

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့မှ ဒေသခံပြည်သူများတက်ရောက်ကုသနေသည့် ဆေးရုံကို ယမန်နေ့

(ဩဂုတ်လ ၁ရက်)ည ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူဆယ်ဦးထက်မနည်းသေဆုံးသွားကြောင်းဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ ဆေးရုံကို စစ်ကောင်စီတပ်ကဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

“လေကြောင်းကနေ ‌ဗုံးကြဲတာ။ မြို့လည်ခေါင် ဆေးရုံကို ကြဲတာပါ။ သေတာ ဆယ်ဦးကျော်တယ်လို့ ကိုးကန့်ရဲဘက်ကနေသိရတယ်”ဟု လောက်ကိုင်မြို့ခံတဦးကပြောသည်။

ယခုအခါMNDAAက လားရှိုးမြို့သိမ်းတိုက်ပွဲဆင်နွဲနေပြီးလားရှိုးမြို့မှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် လက်ကျန်စ်စ်စခန်းအချို့ကိုအပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ထို့ကြောင့် စစ်ကောင်စီက MNDAAထိန်းချုပ်ထားသည့် လောက်ကိုင်မြို့၊ သိန္နီမြို့တို့ကို လေကြောင်းမှပစ်ခတ်တိုက်ခိုက်နေခြင်းဟု ဒေသခံများကပြောသည်။

“လားရှိုးနမခ ကျကာနီးလို့ လောက်ကိုင်ကို ညက လာပစ်တာ။ စစ်တပ်လော်ဘီတွေကတော့ မဲမဲမြင်ရာပစ်ဖို့ အော်နေကြတယ်။ ဒါတွေက စစ်ရာဇဝတ်မှု‌တွေဆိုတာ သိမယ့်ဦးနှောက်တွေရှိမနေဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

စစ်​ကောင်စီတပ်ဝါဒဖြန့် တယ်လီဂရန်များက​လောက်ကိုင် တုံချိန် ရှိ MNDAA တပ်စခန်းရှိရာကို​လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး MNDAAတပ်ဖွဲ့ဝင်များ ​သေဆုံးမှုများ​ကြောင်း ဝါဒဖြန့်​နေကြသည်။ လားရှိုးတိုက်ပွဲတွင် စစ်​ကောင်စီတပ် အထိနာစဥ်ကတည်းက စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များက အရပ်သားပစ်မှတ်များကိုပါတိုက်ခိုက်ရန် ဆက်တိုက်လှုံ့​ဆော်ခဲ့ကြခြင်းဖြစ်သည်။

လောက်ကိုင်ဆေးရုံဗုံးကြဲတိုက်ခိုက်ခံရမှုကို MNDAAက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ထို့ကြောင့် အရပ်သားသေဆုံးမှုအခြေအနေအသေးစိတ်ကို မသိရှိရသေးပေ။

MNDAA က လားရှိုးမြို့မှ စစ်တပ်စခန်းများကို ဇူလိုင်လ ၃ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ရမခ ဌာနချုပ်ရှိရာ လားရှိုးရှိစစ်စခန်းများတိုက်ခိုက် ခံရပြီးနောက်ပိုင်း စစ်ကောင်စီကလောက်ကိုင်မြို့၊ သိန္နီမြို့တို့ကို လေကြောင်းမှ မကြာခဏတိုက်ခိုက်နေသည်။ တစ်လခန့်အတွင်း လောက်ကိုင်မြို့ကိုလေကြောင်းတိုက်ခိုက်မှုလေးကြိမ်၊ သိန္နီမြို့ကို လေကြောင်းတိုက်ခိုက်မှုခုနစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုများတွင် ​ဒေသခံပြည်သူစုစု​ပေါင်း ဆယ်ချီ​သေဆုံးခဲ့​ကြောင်း MNDAA နှင့် TNLA ၏ ထုတ်ပြန်ချက်များအရသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။