Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ အင်ဆွပ်တပ်စခန်းကို KIA ထပ်မံသိမ်းပိုက်

အဆိုပါလမ်းပိုင်း၌ စစ်ကောင်စီ၏မြစ်ဆုံတပ်စခန်းတစ်ခုသာကျန်တော့ဟု KIA ပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရိုက်တာ။(ပုံအဟောင်းအသုံးပြုထားပါသည်

ထားမြတ်/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့(သြဂုတ် ၃)နံနက်တွင် ထပ်မံ သိမ်းပိုက်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းရှိ စစ်ကောင်စီစခန်းများကို ဩဂုတ် ၁ရက် နံနက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဩဂုတ် ၂ရက်နံနက်တွင် တီယန်ဇွပ်ရွာအနီးရှိ စစ်ကောင်စီ စခန်း သုံးခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့နံနက်တွင် အင်ဆွပ်ရွာရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1557961121456721

အင်ဆွပ်ရွာ စစ်ကောင်စီစခန်းကို နံနက် ၉နာရီခွဲတွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်သားအချို့ ထွက်ပြေးသွား၍ လိုက်လံရှာဖွေနေဆဲဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းတွင် မြစ်ဆုံဒေသရှိ စစ်ကောင်စီစခန်းသာကျန်တော့ပြီး ဆွမ်ပရာဘွမ်ဘက်၌ စစ်ကောင်စီစခန်းများ မကျန်တော့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAအနေဖြင့် မတ်လ ၇ရက်တွင် စစ်ရှိန်မြှင့်ခဲ့သည့် ထိုးစစ်အတွင်း ဆွမ်ပရာဘွမ်မြို့တစ်ခုလုံးသိမ်းပိုက်ထားခြင်း ဖြစ်သည်။

ဇူလိုင် ၂၄ရက်မှ၍ KIA ပူးပေါင်းတပ်က ပြန်လည် ထိုးစစ်ဆင်နေသည့် မိုးမောက် ခမရ(၄၃၇) တပ်စခန်း တိုက်ပွဲမှာလည်း နှစ်ဖက်တပ်များ ဆက်ရှိနေဆဲဖြစ်ကြောင်း ပြောသည်။

May be an image of 7 people and text

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။