Connect with us

Hi, what are you looking for?

သတင်း

ရခမ တိုင်းစစ်ဌာနချုပ်ရှိ ဒဏ်ရာရစစ်သားများနှင့် မိသားစုဝင် ၄၇၀ကို စစ်ကောင်စီစွန့်ပစ်သွားဟု MNDAA ထုတ်ပြန်

အရာရှိမိသားစုများကိုမှု လားရှိုးမြို့တိုက်ပွဲမစတင်မီက ရဟတ်ယာဉ်သုံးရွှေ့ပြောင်းဟုဆို

လားရှိုးစစ်ဆေးရုံမှ အစောင့်တပ်ဖွဲ့ဝင်များ MNDAA ထံလက်နက်ချအလင်းဝင်လာစဉ်။ ဓာတ်ပုံ - File Photo

ထားမြတ်/People’s Spring

မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်သည် ဒဏ်ရာရစစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လားရှိုးမြို့၊တပ်မတော်ဆေးရုံတွင် ချန်ထားခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ ထုတ်ပြန်သည်။

ဩဂုတ် ၁ ရက်တွင် MNDAAတပ်ဖွဲ့ဝင်များအနေဖြင့် လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း၌ ကျန်ရစ်နေသောရန်သူများအား ဆက်လက်တိုက်ခိုက်ချေမှုန်းချိန်တွင် တိုင်းစစ်ဌာနချုပ်၏ တပ်မတော်ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆေးရုံဝန်ထမ်းများသည် ဆုတ်ခွာသွားရာ ဒဏ်ရာရရှိသူ အများအပြားနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း လူပေါင်း ၄၇၀ကျော်ကို တပ်မတော်ဆေးရုံ တွင် စွန့်ပယ်ထားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ယင်းအနက်အများစုမှာ ပြင်းထန်စွာဒဏ်ရာရသူများဖြစ်ပြီး အောက်ခြေတပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊၎င်းတို့၏အထက်အရာရှိများနှင့် ရဲဘော်၊ ရဲဘက်များက ယင်းတို့အား ရက်ရက် စက်စက်စွန့်ပယ်ခဲ့ပြီး ထွက်ခွာသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

MNDAA အနေဖြင့် တိုက်ပွဲပြင်းထန်နေသည့်ကြားမှ ဒဏ်ရာရရှိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လုံခြုံရာ ရွှေ့ပြောင်းပေးခဲ့သည်ဟု ဆိုသည်။

“လုံခြုံရာနေရာသို့ အပြောင်းအရွှေ့လုပ်ဆောင်နေစဥ်တွင် မသန်စွမ်းသောအာဏာသိမ်းစစ်သားများကို MNDAA တပ်သားများက တစ်လမ်းလုံးကျောပေါ်တင်ပြီးပြောင်းရွှေ့ခြင်း၊ ပြင်းထန်စွာဒဏ်ရာရရှိသူအချို့ကို ပြောင်းရွှေ့ ရင်းပင် ကုသကယ်ဆယ်ခြင်းများပြုလုပ်ပေးခဲ့ပါသည်”ဟု MNDAAက ထုတ်ပြန်သည်။

တစ်ဖက်တွင် စစ်ကောင်စီတပ် အရာရှိများသည် လားရှိုးမြို့တိုက်ပွဲမစတင်မီကတင်းက လားရှိုးမြို့ရှိ ၎င်းတို့၏ မိသားစုများကို ရွှေ့ပြောင်းရန် စီစဉ်နေပြီဖြစ်သကဲ့သို့ အချိန်မှီမပြောင်း‌‌ရွှေ့ရသေးသော မိသားစုဝင်များကို ရဟတ်ယာဥ်များဖြင့် လာ‌ရောက်ခေါ်ဆောင်သွားကြောင်း MNDAAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် အောက်ခြေ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို အရွှေ့အပြောင်း မပြုလုပ်ခိုင်းကြောင်း ဒဏ်ရာရသူများထံမှသိရသည်ဟု ဖော်ပြထားသည်။

မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်အတွင်း၌ ကြီးလေးသော လူတန်းစားခွဲခြားမှုကို ထင်ထင် ရှားရှားတွေ့မြင်နိုင်ကြောင်း၊ အောက်ခြေစစ်သားများ၏ ဘဝဟာ ဘာမှမဟုတ်ဘဲ ရာထူးကြီးသော အရာရှိများ၏ နိုင်ထက်စီးနင်းခြင်း၊ စွန့်ပယ်ခြင်း၊ စစ်မြေပြင်တွေမှာ ကိုယ်အားကိုယ်ကိုးပြီး ရှင်သန်နေရခြင်း စသည့်ဖြစ်ရပ်များကို နိုင်ငံတစ်ဝှမ်းတွင် ခဏခဏတွေ့မြင်နိုင်ကြောင်း MNDAAက ထုတ်ပြန်သည်။

လက်ရှိတွင် MNDAAသည် ရမခတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။