Connect with us

Hi, what are you looking for?

ဗီဒီယို

မုံး​ကိုး​ဒေသရှိ MNDAA တပ်စခန်းကို စစ်​ကောင်စီတပ်က လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်​နေ

အောက်တိုဘာ၁၂ ရက်ကစလည်း လက်နက်ကြီးများဖြင့် အထူးဒေသ (၁) မုံးကိုးခရိုင်အတွင်းရှိ MNDAA တပ်စခန်းများအ‌ပေါ် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။

မုံးကိုးဒေသ ဖေါင်းဆိုင်ရှိ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) စခန်းကုန်းအား အကြ​မ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် အကြီးအကျယ်ထိုးစစ်ဆင်နေကြောင်း MNDAA၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ (အောက်တိုဘာ ၁၆ ရက်)က မုံးကိုးဒေသ၊ ဖေါင်းဆိုင်မြို့ စုတောင်းတောင်ကုန်းပေါ် ရှိ MNDAA တပ်စခန်းအား စစ်​ကောင်စီတပ်မှအကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

“စကစ စစ်တပ်က ဖေါင်းဆိုင်ဗျူဟာ၊ မုံးကိုးဗျူဟာနဲ့ သံလွင်မြစ်အရှေ့ဘက်ခြမ်းက နေပြီး လက်နက်​ကြီးတွေနဲ့ပဲပစ်နေတာ။အခု ထိတော့ အကျအဆုံးစာရင်းမသိရသေးဘူး”ဟု MNDAA ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ၁၂ ရက်ကစလည်း လက်နက်ကြီးများဖြင့် အထူးဒေသ (၁) မုံးကိုးခရိုင်အတွင်းရှိ MNDAA တပ်စခန်းများအ‌ပေါ် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲများတွင် ကိုးကန့်ခရိုင် လုံးခမ်း၊ ဟေးရှန်း ၊ ရှဲခေါက်‌ဒေသ၊ မုံးကိုးခရိုင်ဖောင်းဆိုင်‌‌ ဒေသ နှင့်မုံးကိုးဗျူဟာကုန်းတို့တွင်ရှိသော စစ်ကောင်စီတပ်တို့သည် မုံးကိုးခရိုင် ဖောင်းဆိုင်‌ဒေသ ရှီကျိကြ တောင်ကုန်းရှိ MNDAA တပ်စခန်းကို လက်နက်ကြီးကျည်ဆန် ၈၀ခန့် အသုံးပြုခဲ့ကြောင်း MNDAA ကဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက် ကြီးကျည်ဆန် များကြောင့် အောက်တိုဘာ ၁၄ ရက်အရပ်သားနေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ  လူနေအိမ်နှစ်အိမ်လုံး ပျက်စီးခဲ့ရပြီး အရပ်သား​ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လဆန်းမှစ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။