Connect with us

Hi, what are you looking for?

သတင်း

မောင်တောရှိ ရိုဟင်ဂျာ ၈၀၀ခန့်အား ဘေးကင်းရာကို AA ထပ်မံကယ်ထုတ်ပေး

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဗိုလ်မှူးရွာနှင့် မောင်တောမြို့ အမှတ်(၈)ရပ်ကွက်ရှိ ကညင်တန်းကျေးရွာမှ ရိုဟင်ဂျာ ၈၀၀ခန့်ကို ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်ပေးခဲ့ကြောင်း အာရက္ခတပ်တော် (AA)က ယနေ့ သတင်းထုတ်ပြန်သည်။

မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာများအား AA ရဲဘော်များက ဘေးကင်းရာကယ်ထုတ်ပေးနေစဉ်။ ဓာတ်ပုံ - File

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဗိုလ်မှူးရွာနှင့် မောင်တောမြို့ အမှတ်(၈)ရပ်ကွက်ရှိ ကညင်တန်းကျေးရွာမှ ရိုဟင်ဂျာ ၈၀၀ခန့်ကို ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်ပေးခဲ့ကြောင်း အာရက္ခတပ်တော် (AA)က ယနေ့ သတင်းထုတ်ပြန်သည်။

ရိုဟင်ဂျာ သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို စစ်ကောင်စီနှင့် လက်နက်ကိုင် ရိုဟင်ဂျာများက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးပိတ်လှောင်ထား၍ အချို့မှာ စားနပ်ရိက္ခာများပြတ်တောက်ကာ အစာရေစာပြတ်လပ်မှုဒဏ်ကို ခံစားခဲ့ရသောကြောင်း ၎င်းတို့အား AAက ဘေးကင်းရာသို့ ကယ်ထုတ်ပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ကယ်ထုတ်ရာတွင် ဩဂုတ် ၈ရက် နေ့လယ်ပိုင်းက ဗိုလ်မှူး(မူဆလင်)ရွာမှ ပြည်သူ ၃၀၀ခန့်အား ဘေးကင်းရာ ကယ်ထုတ်ပေးခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၃နာရီခန့်တွင် ကညင်တန်းရွာမှ ရိုဟင်ဂျာ ၅၀၀ခန့်အား လုံခြုံရာသို့ ကယ်ထုတ်ခဲ့သည်ဟု အသိပေးသည်။

အာရက္ခတပ်တော်မှ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ မောင်တောမြို့သိမ်းတိုက်ပွဲကိုဆင်နွှဲလျက်ရှိကြောင်း၊ ထို့ကြောင့် မောင်တောမြို့နှင့် ၎င်းပတ်ဝန်းကျင် အနီးကျေးရွာများမှ ရွာသူရွာသားများကို တိုက်ပွဲနှင့်လွတ်ရာနေရာများသို့ တိမ်းရှောင်လာကြစေရန် ဇွန်လ ၁၆ရက် နှင့် ဩဂုတ် ၇ရက်တွင် အသိပေး ထုတ်ပြန်မှု လုပ်ဆောင်ခဲ့ဟု AAက ဆိုသည်။

ထို့နောက်တွင် စစ်ကောင်စီ၊ လက်နက်ကိုင် ရိုဟင်ဂျာများ၊ အကြမ်းဖက်ရိုဟင်ဂျာအဖွဲ့များသည် ကျေးရွာများမှ ရွာသူရွာသားများကို ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ဆောင်ထားခဲ့ကြောင်း၊ ထို့ကြောင့် AAက ကယ်ထုတ်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။