Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်ရှိ ကျေးရွာလေးရွာကို စစ်ကောင်စီ ဗုံးကြဲ

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်း(၂)ထံမှ စုံစမ်းသိရသည်။

တနင်္သာရီမြို့နယ်တွင် သြဂုတ်ပထမပတ်က ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ-ပေးပို့

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်း(၂)ထံမှ စုံစမ်းသိရသည်။

တနင်္သာရီမြို့နယ်တွင်းရှိ ကွင်းသစ်ရွာ၊ သ ကျက်ချောင်းဝဘုရားတောင်၊ မုတ်ဆိပ်ကွင်းရွာ၊ကျောက်မီးကျောင်းရွာနှင့် ကွင်းသစ်ရွာရှိ စာသင်ကျောင်းတို့ကို ဩဂုတ် ၉ ရက် နံနက် ၁၁ နာရီ ၅၄ မိနစ်နှင့် ၁၂ နာရီ ၁၆မိနစ်တို့တွင် K-8W အမျိုးအစား ဂျက်ဖိုက်တာနှစ်စီးဖြင့် လာရောက် ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဗုံးသီးများကြဲချပြီးနောက်တွင် စစ်ကောင်စီတပ်မှ စက်သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကျေးရွာများ၏ ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးဟု မြိတ်ခရိုင် စစ်ကြောင်း(၂) မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

“အလုံး ၂၀ ကျော်မယ်ဗျ။ ရွာထဲကိုရော ရွာရဲ့ အနီးပတ်ဝန်းကျင်ကိုရော ပစ်သွားတာ။ နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူး”ဟု ၎င်းက ဆက်ပြောသည်။

လေကြောင်းမှ တိုက်ခိုက်ခံရမှုအတွင်း အရပ် သားပြည်သူများ ထိခိုက်မှုကိုစုံစမ်းနေဆဲဖြစ်ပြီးစစ်ကောင်စီက တိုက်လေဘယာဉ်များ အသုံးပြုကာ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက် လာခြင်းဖြစ် ကြောင်း စစ်ကြောင်း(၂)က အသိပေးသည်။

သြဂုတ် ၇ ရက်ကလည်း တနင်္သာရီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေအတွင်းရှိ သကျက်တောင်ဘိန်၊ ဆင်ခေါင်းဘုရားတောင်၊ ဂဏန်းကွင်းရွာ စသည့်ကျေးရွာများကိုစစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်၍ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

တနင်္သာရီမြို့နယ်တွင် နှစ်ဖက်စစ်ရေးပြင်းထန်လျှက်ရှိရာ ဇူလိုင် ၁၈ ရက်ကစပြီး လယ်သစ် ကျေးရွာဘက်သို့ အင်အား၂၀၀ခန့်ဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီပူးပေါင်းတပ်များကို မြိတ်ခရိုင်ပြည်သူ့ကာဘကွယ်ရေးပူး ပေါင်းစစ်ကြောင်း(၂)မှ သြဂုတ် ၄ရက်အထိတိုက်ခိုက်မှုပေါင်း(၁၁)ကြိမ်လုပ် ဆောင်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။