Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အ​ရေး ငြိမ်းချမ်းစွာ​ဆွေး​နွေးအ​ဖြေရှာရန် တရုတ်က တက်တက်ကြွကြွဆက်လက်တိုက်တွန်းမည်ဟုဆို

မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် တရုတ်က ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကိုဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning။ဓါတ်ပုံ-FCN

“မြန်မာနိုင်ငံကို တည်ငြိမ်စေချင်ရင် လက်ရှိ စစ်တပ်ကို စစ်အာဏာရှင်လက်အောက်က ဆွဲထုတ်နိုင်ဖို့ တရုတ်အစိုးရ ကူညီပေးပါ”

− ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်

အီယိုရီ/People’s Spring

မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် တရုတ်က ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကိုဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ningက ဩဂုတ် ၉ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက် တက်တက်ကြွကြွတိုက်တွန်းသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဟု AFP သတင်း​ထောက်၏ ​မေးမြန်းမှုကို​ဖြေကြားသည်။

Public Service Announcement

Public Service Announcement

တရုတ်သည် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအခြေအနေ ပြောင်းလဲလာမှုကို အမြဲတစေ များစွာဂရုပြုလျက်ရှိကာ မြန်မာနိုင်ငံ၌ စစ်ပွဲဖြစ်ပွားသည်ကို မတွေ့မြင်လိုကြောင်းနှင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေဆောလျင်စွာ ပြန်လည်တည်ငြိမ်လာစေရန် မျှော်လင့်ကြောင်း Mao Ning က ပြောသည်ဟု မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ဩဂုတ် ၁၁ရက်ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အောက်တွင် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က “မြန်မာနိုင်ငံကို တည်ငြိမ်စေချင်ရင် လက်ရှိ စစ်တပ်ကို စစ်အာဏာရှင်လက်အောက် က ဆွဲထုတ်နိုင်ဖို့ တရုတ်အစိုးရ ကူညီပေးပါ။ ကျုပ်တို့လို စစ်အရာရှိဟောင်းတွေ အများကြီး စုဖွဲ့ထားတာ ရှိတယ်။ စစ်တပ်ကို အသွင်ကူးပြောင်းပြီး နိုင်ငံကို တည်ငြိမ်အောင် ပြည်သူရဲ့ ယုံကြည်မှုရအောင် ပြည်သူကိုကာကွယ်စောင့်ရှောက်တဲ့ တာဝန်ကိုပဲ ထမ်းဆောင်တဲ့ စစ်တပ်ဖြစ်အောင် ကျုပ်တို့ ကြိုးစားနေကြတယ်။ မြန်မာနိုင်ငံ ပြန်လည် ငြိမ်းချမ်းစေချင်ရင် ဒီနည်းက လွဲလို့ အခြားနည်း မရှိဘူး” ဟု မှတ်ချက်ပြုထားသည်။

တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် တမြို့လုံးကို ကိုးကန့်တပ်မတော်(MNDAA)က ဩဂုတ် ၃ရက်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ ထိုနောက် ဩဂုတ် ၈ရက်တွင် တရုတ်နိုင်ငံတွင် တရုတ်နိုင်ငံ၏ ကမကထပြုလုပ်မှူဖြင့် ဟိုက်ဂင်​​ဆွေး​နွေးပွဲ ​နောက်ဆက်တွဲ ပြုလုပ်ရန် စီစဥ်ခဲ့​သော်လည်း စစ်ရှုံးစစ်​ကောင်စီက ရှမ်းပြည်နယ် ​မြောက်ပိုင်းတည်ငြိမ်​အေးချမ်း​ရေး အာရုံစိုက် ပြုလုပ်ရန် အစည်းအ​ဝေးမတက်​တော့ဟုအ​ကြောင်းပြခဲ့ပြီးအစည်းအ​ဝေး ပျက်ခဲ့သည်။

ထို​နောက် သြဂုတ် ၈ ရက်တွင်တရုတ်အထူးကိုယ်စားလှယ်က နေပြည်တော်သို့ လာရောက်ကာ အာဏာသိမ်းခေါင်းဆောင်နှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ​တွေ့ဆုံ​ဆွေး​နွေးမှုတွင်လည်း စစ်​ကောင်စီလိုလား​သောအ​ဖြေမရဘဲ အဆင်မ​ပြေခဲ့​ကြောင်း၊ရှမ်း​မြောက်တွင်သာမက ရှမ်း​တောင်တွင်ပါတိုက်ပွဲများဖြစ်ပွားလာ​တော့မည်ဟု သတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

လားရှိုးရမခ ကို စစ်တပ်ဆုံးရှုံးခဲ့ပြီး​နောက်ပိုင်းစစ်တပ်​ထောက်ခံသူများက MNDAA ကန့်ကွက် ဆန့်ကျင်ပွဲများ ပြုလုပ်သလို တရုတ်မုန်းတီး​ရေးကိုလည်း စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ပြုလုပ်ခဲ့သည်။ တရုတ်အထူးကိုယ်စားလှယ်​နေပြည်​တော်မှ ပြန်သွားပြီး​နောက်စစ်​​​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်များတွင် တရုတ်ဆန့်ကျင်​ရေး နှင့် တရုတ်မုန်းတီး​ရေးရေးသားလှုံ့​ဆော်မှုများပိုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။