Connect with us

Hi, what are you looking for?

News

လွန်ခဲ့တဲ့ခြောက်လအတွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ငွေ ကျပ် ၁.၅ ဘီလီယံခန့်သုံးစွဲပြီးပြီလို့ NUG ထုတ်ပြန်

ပြည်သူ့ခုခံစစ် စတင်တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ အတွင်း နိုင်ငံအနှံ့အတွက် လူသားချင်းစာနာမှု အကူအညီများအတွက် စုစုပေါင်း ငွေကျပ် ၃၃၅ သန်း ထောက်ပံ့ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

People's Spring
People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စတင်ဖွဲ့စည်းချိန်ကစလို့ လက်ရှိအချိန်အထိ ခြောက်လအတွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ငွေကျပ် ၁.၅ ဘီလီယံခန့် သုံးစွဲပြီးပြီလို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့(အောက်တိုဘာ၁၇)ထုတ်ပြန်ပါတယ်။

ဒီ ခြောက်လအတွင်း စစ်ဘေးရှောင် နဲ့ နေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့မှု ငွေကျပ် ၅၂၃ သန်း၊ ပဋိပက္ခကာလအတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ငွေကျပ် ၇၅၀ သန်း နဲ့ အခြား လူသားချင်းစာနာမှု အကူအညီများ အတွက် ငွေကျပ် ၂၀၄ သန်း ထောက်ပံ့ပေးပို့ခဲ့ပြီးဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူ့ခုခံစစ် စတင်တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ အတွင်း နိုင်ငံအနှံ့အတွက် လူသားချင်းစာနာမှု အကူအညီများအတွက် စုစုပေါင်း ငွေကျပ် ၃၃၅ သန်း ထောက်ပံ့ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်ကြေညာပြီးနောက်ပိုင်း စစ်ဘေးရှောင် နဲ့ နေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့မှုမှာ ငွေကျပ် ၆၀သန်းခန့် ဖြစ်ပြီး လတ်တလောမှာ ထိုးစစ်ဆင်မှုကို ပိုမိုခံစားလာရတဲ့ ဒေသတွေကို ထောက် ပံ့မှုအကူအညီများ ဆက်လက်ပေးပို့နိုင်ဖို့ တတ်အား သရွေ့စီစဉ် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်