Connect with us

Hi, what are you looking for?

LuduNwayOo

News

လွန်ခဲ့တဲ့ခြောက်လအတွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ငွေ ကျပ် ၁.၅ ဘီလီယံခန့်သုံးစွဲပြီးပြီလို့ NUG ထုတ်ပြန်

ပြည်သူ့ခုခံစစ် စတင်တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ အတွင်း နိုင်ငံအနှံ့အတွက် လူသားချင်းစာနာမှု အကူအညီများအတွက် စုစုပေါင်း ငွေကျပ် ၃၃၅ သန်း ထောက်ပံ့ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

People's Spring
People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စတင်ဖွဲ့စည်းချိန်ကစလို့ လက်ရှိအချိန်အထိ ခြောက်လအတွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ငွေကျပ် ၁.၅ ဘီလီယံခန့် သုံးစွဲပြီးပြီလို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့(အောက်တိုဘာ၁၇)ထုတ်ပြန်ပါတယ်။

ဒီ ခြောက်လအတွင်း စစ်ဘေးရှောင် နဲ့ နေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့မှု ငွေကျပ် ၅၂၃ သန်း၊ ပဋိပက္ခကာလအတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ငွေကျပ် ၇၅၀ သန်း နဲ့ အခြား လူသားချင်းစာနာမှု အကူအညီများ အတွက် ငွေကျပ် ၂၀၄ သန်း ထောက်ပံ့ပေးပို့ခဲ့ပြီးဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူ့ခုခံစစ် စတင်တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ အတွင်း နိုင်ငံအနှံ့အတွက် လူသားချင်းစာနာမှု အကူအညီများအတွက် စုစုပေါင်း ငွေကျပ် ၃၃၅ သန်း ထောက်ပံ့ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်ကြေညာပြီးနောက်ပိုင်း စစ်ဘေးရှောင် နဲ့ နေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့မှုမှာ ငွေကျပ် ၆၀သန်းခန့် ဖြစ်ပြီး လတ်တလောမှာ ထိုးစစ်ဆင်မှုကို ပိုမိုခံစားလာရတဲ့ ဒေသတွေကို ထောက် ပံ့မှုအကူအညီများ ဆက်လက်ပေးပို့နိုင်ဖို့ တတ်အား သရွေ့စီစဉ် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။