Connect with us

Hi, what are you looking for?

News

CDM ကျန်းမာရေးဝန်ထမ်းများကို ဖိအားပေးသော ကွတ်ခိုင်ဆေးရုံအုပ် ကိုဗစ်ရောဂါဖြစ်နေ

ဒေါက်တာဝင့်ဝင့်မြိုင်သည် CDM ပြုလုပ်ခဲ့သည့်ကွတ်ခိုင်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၏ လစာအား ကန့်သတ်ခြင်းအပါအဝင် စစ်ကောင်စီနှင့်ပေါင်းကာဝန်ထမ်းများအပေါ်ဖိအားပေးခဲ့ဖူးသည်ဟု CDM ဝန်ထမ်းများက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးCDM ပြုလုပ်သည့် ကျန်းမာ ရေးဝန်ထမ်းများကို စစ်ကောင်စီနှင့်ပေါင်း၍ ဖိအားပေးခဲ့သည့် ကွတ်ခိုင်မြို့နယ်ဆေးရုံအုပ်ကြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ကိုဗစ်ရောဂါဖြစ်နေသည်။

ကွတ်ခိုင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဝင့်ဝင့်မြိုင်သည် ယမန်နေ့(အောက်တိုဘာ၁၆)က ကျန်းမာရေးစစ်ဆေးစဥ် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းအချို့နှင့် လူမှုရေးအဖွဲ့အချို့က ယနေ့(အောက်တိုဘာ ၁၇) ပြောသည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီး ရက်အနည်း ငယ်အကြာတွင် ကွတ်ခိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းအချို့ CDMပြုလုပ်ခဲ့ကြသည်။ CDM ဝန်ထမ်းများကို ဒေါက်တာဝင့်ဝင့်မြိုင်က နည်းမျိုးစုံ ဖိအားပေးခဲ့သည်ဟုဆိုကာ CRPHကိုသာ တရားဝင်အစိုးရအနေဖြင့် ထောက်ခံကြောင့်နှင့် ရုံးတက်ရန် စည်းရုံးခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းတို့မပြုလုပ်ရန် CDM ကျန်းမာရေးဝန်ထမ်းများက ကြေငြာချက်ထုတ်ပြန်ခဲ့ဖူးသည်။

ဒေါက်တာဝင့်ဝင့်မြိုင်သည် CDM ပြုလုပ်ခဲ့သည့်ကွတ်ခိုင်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၏ လစာအား ကန့်သတ်ခြင်းအပါအဝင် စစ်ကောင်စီနှင့်ပေါင်းကာဝန်ထမ်းများအပေါ်ဖိအားပေးခဲ့ဖူးသည်ဟု CDM ဝန်ထမ်းများက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေါက်တာဝင့်ဝင့်မြိုင်သည် ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး အသေးစိတ်အခြေအနေကို မသိဟု လူမှုရေးအဖွဲ့အချို့ထံမှ သိရသည်။

စစ်ကောင်စီကိုဆန့်ကျင်ခဲ့ပြီး CDM ပြုလုပ်ခဲ့သည့် ကွတ်ခိုင်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ရာကျော်သည် ယနေ့အချိန်အထိ CDM ပြုလုပ်ပြီး အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေဆဲ ဖြစ်သည်။

(ကိုဗစ်လူနာတစ်ဦးကို ကွတ်ခိုင်ဆေးရုံသို့ အောက်တို ဘာ၁၆ရက်က လာရောက်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ – Tin Win/FB)

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။