Connect with us

Hi, what are you looking for?

LuduNwayOo

News

CDM ကျန်းမာရေးဝန်ထမ်းများကို ဖိအားပေးသော ကွတ်ခိုင်ဆေးရုံအုပ် ကိုဗစ်ရောဂါဖြစ်နေ

ဒေါက်တာဝင့်ဝင့်မြိုင်သည် CDM ပြုလုပ်ခဲ့သည့်ကွတ်ခိုင်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၏ လစာအား ကန့်သတ်ခြင်းအပါအဝင် စစ်ကောင်စီနှင့်ပေါင်းကာဝန်ထမ်းများအပေါ်ဖိအားပေးခဲ့ဖူးသည်ဟု CDM ဝန်ထမ်းများက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးCDM ပြုလုပ်သည့် ကျန်းမာ ရေးဝန်ထမ်းများကို စစ်ကောင်စီနှင့်ပေါင်း၍ ဖိအားပေးခဲ့သည့် ကွတ်ခိုင်မြို့နယ်ဆေးရုံအုပ်ကြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ကိုဗစ်ရောဂါဖြစ်နေသည်။

ကွတ်ခိုင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဝင့်ဝင့်မြိုင်သည် ယမန်နေ့(အောက်တိုဘာ၁၆)က ကျန်းမာရေးစစ်ဆေးစဥ် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းအချို့နှင့် လူမှုရေးအဖွဲ့အချို့က ယနေ့(အောက်တိုဘာ ၁၇) ပြောသည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီး ရက်အနည်း ငယ်အကြာတွင် ကွတ်ခိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းအချို့ CDMပြုလုပ်ခဲ့ကြသည်။ CDM ဝန်ထမ်းများကို ဒေါက်တာဝင့်ဝင့်မြိုင်က နည်းမျိုးစုံ ဖိအားပေးခဲ့သည်ဟုဆိုကာ CRPHကိုသာ တရားဝင်အစိုးရအနေဖြင့် ထောက်ခံကြောင့်နှင့် ရုံးတက်ရန် စည်းရုံးခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းတို့မပြုလုပ်ရန် CDM ကျန်းမာရေးဝန်ထမ်းများက ကြေငြာချက်ထုတ်ပြန်ခဲ့ဖူးသည်။

ဒေါက်တာဝင့်ဝင့်မြိုင်သည် CDM ပြုလုပ်ခဲ့သည့်ကွတ်ခိုင်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၏ လစာအား ကန့်သတ်ခြင်းအပါအဝင် စစ်ကောင်စီနှင့်ပေါင်းကာဝန်ထမ်းများအပေါ်ဖိအားပေးခဲ့ဖူးသည်ဟု CDM ဝန်ထမ်းများက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေါက်တာဝင့်ဝင့်မြိုင်သည် ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး အသေးစိတ်အခြေအနေကို မသိဟု လူမှုရေးအဖွဲ့အချို့ထံမှ သိရသည်။

စစ်ကောင်စီကိုဆန့်ကျင်ခဲ့ပြီး CDM ပြုလုပ်ခဲ့သည့် ကွတ်ခိုင်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ရာကျော်သည် ယနေ့အချိန်အထိ CDM ပြုလုပ်ပြီး အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေဆဲ ဖြစ်သည်။

(ကိုဗစ်လူနာတစ်ဦးကို ကွတ်ခိုင်ဆေးရုံသို့ အောက်တို ဘာ၁၆ရက်က လာရောက်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ – Tin Win/FB)

ဆက်စပ်သတင်းများ

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

သတင်း

TNLA က ယနေ့တွင် စစ်ကောင်စီတပ်စခန်း ၅ခုကို သိမ်းပိုက်ထားနိုင်သကဲ့သို့ ကိုးကန့်တပ်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကလည်း စစ်ကောင်စီတပ်စခန်း ၄ခုကို ယနေ့နံနက်နှင့် ယမန်နေ့ညက သိမ်းပိုက်ထားနိုင်ခဲ့သည်။