Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းအတွင်း AAဝင်လာမည်ကို စစ်ကောင်စီထိတ်လန့်နေဟု တော်လှန်ရေးအင်အားစုအချို့ ပြော

စစ်ဘေးရှောင်ရခိုင်တိုင်ရင်းသားများအား စစ်ဆေးဖမ်းဆီးနေဟုဆို

၂၀၂၄ ဇွန်လ ၃ရက်က ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ​၏ ကျောက်ပန္ဒူစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရသော AAရဲဘော်များ။ ဓာတ်ပုံ - AA

မိထက်/People’s Spring

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ်နေရာအနီး တိုက်ပွဲဖြစ်ပွားနေစဉ် အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များ ဧရာဝတီတိုင်းအတွင်းဝင်ရောက်လာနိုင်သည်ဆိုဟုကာ စစ်ကောင်စီက ဒေသခံများအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေသည်။

AAနှင့် စစ်ကောင်စီသည် ရခိုင်ပြည်နယ် ဂွမြို့အနီး၌ တိုက်ပွဲများဖြစ်ပွားနေပြီး ယင်းအခြေအနေပေါ် စစ်ကောင်စီက စိုးရိမ်ထိတ်လန့်နေသည်ဟု ဧရာဝတီတိုင်းမှ တော်လှန်ရေးအင်အားစုအချို့က ပြောသည်။

” ဧရာဝတီတိုင်းက စစ်တပ်တွေနဲ့ ဌာနဆိုင်ရာတွေက AAကို တော်တော်လေးကြောက်တာ။ AAရဲ့ လက်စလက်နကို သူတို့သိတယ်။ အခုလည်း ဧရာဝတီထဲကို AAတွေ ဝင်လာတော့မယ်ဆိုပြီး သူတို့အချင်းချင်းကြားတောင် ကြောက်လန့်နေကြတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဂွမြို့နယ်သည် ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့နှင့် ထိစပ်နေသည်။ သံတွဲ၊ကျိန္တလီ၊ဂွမြို့နယ် တို့သည် တစ်ဆက်တည်းရှိနေပြီး အဆိုပါနေရာများ၌ စစ်ရေးတင်းမာနေသည်။

အဆိုပါမြိုများမှဒေသခံအများပြားမှာလည်း ဧရာဝတီတိုင်းသို့ လာရောက်ပြီး စစ်ဘေးရှောင်နေကြရသည်။ စစ်ဘေးရှောင်နေသူများအနက် ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထား၍ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေသည်။

ငါးသိုင်းချောင်းမြို့အနီး ကျုံပျော်မြို့နယ်တွင် လာရောက်စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်တိုင်းရင်းသားများအနက် ၃၆ဦးကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။

” ဧည့်စာရင်းစစ်ရင်းနဲ့ဖမ်းသွားတာ။ ရခိုင်ဆိုတာနဲ့ AA လို့ဆိုပြီး ဖမ်းတာ။ ဧရာဝတီတိုင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာ AAကြောက် ရောဂါ ရှိကြတယ်”ဟု ကျုံပျော်မြို့ခံတစ်ဦးကပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်းသို့ စစ်ရေးကျယ်ပျံ့လာမည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော နယ်စပ်နေရာများကိုလည်း လုံခြုံရေးတင်းကြပ်ထားသည်။

ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့သည် AAထံတွင် စစ်သင်တန်းတက်ပြီး AAနှင့်တွဲ၍ တိုက်ပွဲဝင်နေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်များသည် ရခိုင်ရိုးမနှင့် ထိစပ်နေပြီး ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီက တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။