Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းအတွင်း AAဝင်လာမည်ကို စစ်ကောင်စီထိတ်လန့်နေဟု တော်လှန်ရေးအင်အားစုအချို့ ပြော

စစ်ဘေးရှောင်ရခိုင်တိုင်ရင်းသားများအား စစ်ဆေးဖမ်းဆီးနေဟုဆို

၂၀၂၄ ဇွန်လ ၃ရက်က ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ​၏ ကျောက်ပန္ဒူစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရသော AAရဲဘော်များ။ ဓာတ်ပုံ - AA

မိထက်/People’s Spring

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ်နေရာအနီး တိုက်ပွဲဖြစ်ပွားနေစဉ် အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များ ဧရာဝတီတိုင်းအတွင်းဝင်ရောက်လာနိုင်သည်ဆိုဟုကာ စစ်ကောင်စီက ဒေသခံများအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေသည်။

AAနှင့် စစ်ကောင်စီသည် ရခိုင်ပြည်နယ် ဂွမြို့အနီး၌ တိုက်ပွဲများဖြစ်ပွားနေပြီး ယင်းအခြေအနေပေါ် စစ်ကောင်စီက စိုးရိမ်ထိတ်လန့်နေသည်ဟု ဧရာဝတီတိုင်းမှ တော်လှန်ရေးအင်အားစုအချို့က ပြောသည်။

” ဧရာဝတီတိုင်းက စစ်တပ်တွေနဲ့ ဌာနဆိုင်ရာတွေက AAကို တော်တော်လေးကြောက်တာ။ AAရဲ့ လက်စလက်နကို သူတို့သိတယ်။ အခုလည်း ဧရာဝတီထဲကို AAတွေ ဝင်လာတော့မယ်ဆိုပြီး သူတို့အချင်းချင်းကြားတောင် ကြောက်လန့်နေကြတယ်” ဟု ပုသိမ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဂွမြို့နယ်သည် ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့နှင့် ထိစပ်နေသည်။ သံတွဲ၊ကျိန္တလီ၊ဂွမြို့နယ် တို့သည် တစ်ဆက်တည်းရှိနေပြီး အဆိုပါနေရာများ၌ စစ်ရေးတင်းမာနေသည်။

အဆိုပါမြိုများမှဒေသခံအများပြားမှာလည်း ဧရာဝတီတိုင်းသို့ လာရောက်ပြီး စစ်ဘေးရှောင်နေကြရသည်။ စစ်ဘေးရှောင်နေသူများအနက် ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထား၍ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေသည်။

ငါးသိုင်းချောင်းမြို့အနီး ကျုံပျော်မြို့နယ်တွင် လာရောက်စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်တိုင်းရင်းသားများအနက် ၃၆ဦးကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။

” ဧည့်စာရင်းစစ်ရင်းနဲ့ဖမ်းသွားတာ။ ရခိုင်ဆိုတာနဲ့ AA လို့ဆိုပြီး ဖမ်းတာ။ ဧရာဝတီတိုင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာ AAကြောက် ရောဂါ ရှိကြတယ်” ဟု ကျုံပျော်မြို့ခံတစ်ဦးကပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းအတွင်းသို့ စစ်ရေးကျယ်ပျံ့လာမည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော နယ်စပ်နေရာများကိုလည်း လုံခြုံရေးတင်းကြပ်ထားသည်။

ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့သည် AAထံတွင် စစ်သင်တန်းတက်ပြီး AAနှင့်တွဲ၍ တိုက်ပွဲဝင်နေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်များသည် ရခိုင်ရိုးမနှင့် ထိစပ်နေပြီး ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီက တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးခဲ့ရာမှာ အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေမှာ နည်းပါးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်‌တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

Facebook