Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ – တောင်သာလမ်းပိုင်းရှိ နန်းမြင့်တောင်တိုးဂိတ်မှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေး

မန္တလေးတိုင်း၊ မြင်းခြံ – တောင်သာလမ်းပိုင်းရှိ နန်းမြင့်တောင်တိုးဂိတ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နန်းမြင့်တောင်စစ်ဆေးရေးဂိတ်အား မီးရှို့ခဲ့စဥ်။ ဓာတ်ပုံ - မြင်းခြံ News

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံ – တောင်သာလမ်းပိုင်းရှိ နန်းမြင့်တောင်တိုးဂိတ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဟိုနေ့(သြဂုတ်၁၂ရက်)ကတည်းက ဆုတ်သွားတာ။ စခန်းကို မီးရှို့ခဲ့လိုက်တယ်။”ဟု တောင်သာပကဖ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

နန်းမြင့်တောင်စစ်ဆေးရေးဂိတ်အား မီးရှို့ခဲ့စဥ်။ ဓာတ်ပုံ – မြင်းခြံ News

နန်းမြင့်တောင် စစ်ဆေးရေးဂိတ်သည် အစစ်အဆေးကြမ်းတမ်းပြီး ပြည်သူများအား ဖမ်းဆီးငွေညှစ်လေ့ရှိသည့်ဂိတ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၁ဝရက် နံနက်ကစတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာနှင့် မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

တောင်သာမြို့နယ်တွင် သြဂုတ် ၁၀ရက်က ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဝင် ၆ ဦး သေဆုံးပြီး ၅ ဦးပျောက်ဆုံးကာ သေနတ် ၃လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည်။

ဓာတ်ပုံ – မြင်းခြံ News

သြဂုတ်၁၂ရက်က တောင်သာမြို့နယ်ရှိ စစ် ကောင်စီစခန်း ၄ နေရာ တိုက်ခိုက်မှုတွင် ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့် စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး တောင်သာမြို့အား စစ်ကူလာနိုင်မည့်လမ်းကြောင်းအား ​PDFပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကြောင့် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့များရှိ စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများ မြို့ပေါ်မှတိမ်းရှောင် သွားပြီဖြစ်ပြီး စစ်ကောင်စီယန္တရား ရပ်ဆိုင်းသွားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တံတား‌ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၁၀ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။