Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် စက်သုံးဆီ ပြတ်လက်မှုပိုဆိုးလာ၊ တန်းစီဝယ်ယူသူများပြားနေ

မန္တလေးမြို့တွင် စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး ရောင်းချပေးသောဆိုင် အချို့တွင်လည်း တန်းစီဝယ်ယူသူ အလွန်များပြားနေကြောင်း မြို့ခံများက ပြောသည်။

ယခုလဆန်းပိုင်းက မန္တလေးမြို့တွင် စက်သုံးဆီတန်းစီနေသူများအား တွေ့ရစဥ်။ဓာတ်ပုံ - CJ

​အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး ရောင်းချပေးသောဆိုင် အချို့တွင်လည်း တန်းစီဝယ်ယူသူ အလွန်များပြားနေကြောင်း မြို့ခံများက ပြောသည်။

သြဂုတ် ဒုတိယပတ်အတွင်း စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာရာ မန္တလေးမြို့တွင် လည်း ဆီဆိုင်အချို့သာ ရောင်းချပေးနိုင် ကြောင်း၊ အဆိုပါ ဆီဆိုင်များတွင်လည်း တန်းစီဝယ်ယူသူ အဆမတန်များပြားနေကြောင်း မန္တလေးမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဆိုင်ကယ်ဆီရဖို့ အနည်းဆုံး ၃နာရီလောက်တန်းမှရမယ့်သ​ဘော ဖြစ်နေတယ်။ ဆိုင်တိုင်းမှာ ၅ ပြ၊ ၆ ပြလောက်ကို ရှိနေတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ကားနှင့်ဆိုင်ကယ်များမှာလည်း ဆီဆိုင်ရှေ့၌ ညအိပ်တန်းစီစောင့်ဆိုင်း၍ ဝယ်ယူနေရပြီး နံနက် ပိုင်းမှ လာရောက်တန်းစီပါက ကြာမြင့်ချိန် ၅ နာရီထက်မနည်းရှိကြောင်း မြို့ခံများက ဆိုသည်။

​”မြို့ပြင်ဘက်ဆီဆိုင်တွေမပေးလို့ မြို့ထဲအကုန်ရောက်ကုန်တယ်။ မနက်၃နာရီခွဲထတန်းရတယ်။ တစ်သောင်းဖိုးရတယ်။ ဝိရိယမရှိလို့လည်းမရဘူး။ ၇နာရီစပေးတယ်။ အဲဒါတောင် ၈ နာရီခွဲမှရတယ်။ ၅ နာရီတောင်ကြာတယ်။”ဟု သုံးဘီးအငှားယာဥ် မောင်းနှင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ပြင်ပပေါက်စျေးမှာလည်း 92 တစ်လီတာ ကျပ်၆,၀၀၀ ဝန်းကျင်ရှိနေပြီး လိုသလောက် ဝယ်ယူ၍မရတော့ကြောင်း ဆီစျေးကွက်အတွင်းမှ သိရှိရသည်။

လက်ရှိတွင် ရန်ကုန်၊နေပြည်တော်၊ ​တောင်ကြီး၊ မော်လမြိုင်၊ သထုံ၊ ပဲခူး၊ တိုက်ကြီးအပါအဝင် အခြားမြို့ကြီးများတွင်လည်း စက်သုံးဆီပြတ်လပ်မှု ကြုံတွေ့နေရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ဒေါ်လာစျေးအား ထိန်းချုပ်ထားသည့်အတွက် ပြည်ပမှဝယ်ယူတင်သွင်းရသည့်စက်သုံးဆီမှာ မကြာခဏ ကမောက်ကမဖြစ်ကာ ဆီပြတ်လပ်လေ့ရှိပြီး ယခုအခါအဆိုးရွားဆုံး ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။