Connect with us

Hi, what are you looking for?

သတင်း

တရုတ်နိုင်ငံခြားရေးဝမ်ယိနှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုနှစ်ဖက်သတင်းထုတ်ပြန်ချက်များမှ ကွဲလွဲချက် ၃ ချက်

အာဏာသိမ်း​ခေါင်း​​ဆောင် မင်း​​အောင်လှိုင် နဲ့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိတို့ သြဂုတ်၁၄ ရက်မှာ ​နေပြည်​တော်မှာ ​တွေ့ဆုံ​​ဆွေး​နွေးခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်

အာဏာသိမ်း​ခေါင်း​​ဆောင် မင်း​​အောင်လှိုင် နဲ့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိတို့ သြဂုတ်၁၄ ရက်မှာ ​နေပြည်​တော်မှာ ​တွေ့ဆုံ​​ဆွေး​နွေးခဲ့ပါတယ်။ စစ်​ကောင်စီ ဝါဒဖြန့် မီဒီယာ​​တွေမှာ သြဂုတ် ၁၄ ရက်​နေ့ညမှာ အကျယ်တဝင့်​ဖော်ပြခဲ့ပါတယ်။ ဒါ​ပေမယ့် သြဂုတ် ၁၅ မနက်မှာ တရုတ်အစိုးရပိုင်သတင်းဌာ​​တွေက​ဖော်ပြတာမှာ စစ်​ကောင်စီဝါဒဖြန့် သတင်းဌာန​ဖော်ပြချက်နဲ့ကွဲလွဲချက် တချို့ ရှိ​နေပါတယ်။ ဒီထဲက စိတ်ဝင်စားဖို့​ကောင်းတဲ့ အချက် သုံးချက်ကို People’s Spring က​ ဖော်ပြ​ပေးလိုက်ပါတယ်။

ကွဲလွဲချက် (၁)

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဥ်များကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း နိုင်ငံခြားရေးဝမ်ယိက ပြောကြားသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သို့သော် တရုတ်အစိုးရပိုင် မီဒီယာများ(မြန်မာ-အင်္ဂလိပ်နှစ်ဘာသာ)ထုတ်ပြန်ချက်တွင် ထိုသို့ မတွေ့ရဘဲ ဝမ်ယိက တရုတ်-မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် တောင်းဆိုကြောင်း ဖော်ပြသည်။

ကွဲလွဲချက် (၂)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် တွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောကြားသည်ဟု ဝါဒဖြန့်ထုတ်ပြန်သည်။

အဆိုပါအချက်သည်လည်း တရုတ်အစိုးရ၏ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာထုတ်ပြန်ချက်များတွင် မတွေ့ရဘဲ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံရေးအရ ပြန်လည်သင့်မြတ်မှုရရှိရေး ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံက ဆက်လက် ပံ့ပိုးကူညီမည်ဟု မျှော်လင့်ကြောင်း စစ်ခေါင်းဆောင်က ပြောကြားသည်ဟု ဖော်ပြသည်။

ကွဲလွဲချက် (၃)

လားရှိုးရှိ စစ်တပ်၏ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)ကျရှုံးပြီးနောက် စစ်ကောင်စီထောက်ခံသူများ၊ လော်ဘီများက တရုတ်ဆန့်ကျင်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင်နှင့်တွေ့ဆုံစဥ် သတိပေးပြောဆိုသည့်အချက်ကို စစ်ကောင်စီက ဝါဒဖြန့်ထုတ်ပြန်ချက်တွင် မဖော်ပြပေ။

တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်သလို တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ...ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။

ဆောင်းပါး

-သော်မွန်/People’s Spring ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်း​အောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့ပွဲဦးထွက်...

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။