Connect with us

Hi, what are you looking for?

သတင်း

မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကို PDFက ပြန်လည်သွားလာခွင့်ပြု

လုံခြုံရေးကြောင့်ပိတ်ထားခဲ့သည့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကို ပြန်လည်သွားလာခွင့်ပြုလိုက်ပြီဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- TPDF

မိထက်/ People’s Spring

လုံခြုံရေးကြောင့်ပိတ်ထားခဲ့သည့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကို ပြန်လည်သွားလာခွင့်ပြုလိုက်ပြီဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

လမ်းပိုင်းတစ်လျှောက်တိုက်ပွဲများဖြစ်ပွားနေ၍ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမ‌ကြီးအသုံးပြုမှုကို ဧပြီလ ပထမလပတ်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားလာခွင့်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယနေ့(ဩဂုတ်လ ၁၅ရက်) မှစတင်၍ ခရီးသွားပြည်သူများ ပြန်လည်သွားလာခွင့်ရပြီဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောသည်။

“ခရီးသည်များ၊ ကုန်ကားများ သွားလာရန် ပြန်လည်ခွင့်ပြုလိုက်ပါပြီ။ခရီးသည်များအနေဖြင့် တော်လှန်ရေးအဖွဲ့များ၏ လုံခြုံရေးအရ စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ပေးကြရန် နှင့် ကုန်ကားများအနေဖြင့် မိုးကာပိုင်းများ အလုံပိတ် ကာရံထားခြင်းများ (လုံးဝ) မပြုလုပ်ကြရန် တားမြစ်ထားပါတယ်။ယင်းလမ်းပေါ် သွားလာသည့်ကားများအားလုံးသည် တံခါးမှန်များ ချထားပြီးမှသာ မောင်းနှင်ကြရန်ဖြစ်ပြီး စစ်ရေးလိုအပ်ချက်အရ သွားလာခြင်းကို ခေတ္တတားဆီးရန် လိုအပ်လာပါက အတိအကျပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးအပ်ပါတယ်”ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောသည်။

တနင်္သာရီတိုင်းတွင် မြို့နယ်အချို့၌တွင် ဩဂုတ်လ ပထမလပတ်က တိုက်ပွဲပြင်းထန်ခဲ့ပြီးပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီး ပူး‌ပေါင်းစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်ရင်း(၇)၊ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။