Connect with us

Hi, what are you looking for?

သတင်း

မောင်တောဒေသ စစ်ရှောင်များအတွက် အရေးပေါ်လိုအပ်နေသည့် ဆေးဝါးများကူညီပေးရန် AA အကူအညီတောင်း

ဝမ်းရောဂါဖြစ်ပွားနှုန်း မြင့်တက်နေပြီး ရက်ပိုင်းအတွင်း သေဆုံးသူ ၅ဦးရှိဟုဆို

ဟန်နွေ၊မိထက်/Peopel’s Spring

အာရက္ခဒေသ၊ မောင်တောမြို့အတွင်းနှင့် ၎င်းအနီးပတ်ဝန်းကျင်နေရာ ဒေသများမှတိုက်ပွဲရှောင် ပြည်သူလူထုများ၏ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါအပါအဝင် အခြား အထွေထွေရောဂါများအတွက် အရေးတကြီးလိုအပ်လျက်ရှိသော ဆေးဝါးများကူညီပေးရန် ရက္ခိုင့်တပ်တော်(AA)က အရေးပေါ်အကူအညီတောင်းခံချက် ထုတ်ပြန်သည်။

AA အနေဖြင့် မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိရာ ပိတ်မိနေသူများကို အချိန်မီကယ်ထုတ်နေရာ ရွှေ့ပြောင်းပေးလျက်ရှိရာ လူဦးရေ ၂သောင်းနီးပါးထိရှိလာပြီဖြစ်ကြောင်း၊

လက်ရှိတွင် နေရာအချို့၌ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်ပွားနေပြီး ဝမ်းရောဂါ ဖြစ်ပွားနှုန်းမှာ ယခုရက်ပိုင်းအတွင်း မိုမိုမြင့်တက်လျက်ရှိသည့်အပြင် သေဆုံးသူ ၅ဦး ရှိလာဟု အသိပေးသည်။ ရက္ခိုင်ဒေသ၌ ရေကြီးကြီး၏ နောက်ဆက်တွဲဖြစ်သော သောက်သုံးရေ မသန့်ခြင်းများကြောင့် ဝမ်းရောဂါမြင့်တက်လာခြင်းဖြစ်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ဘေးနှင့် ရေဘေးတပြိုင်နက်ခံစားနေကြရ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၌ ဆေးဝါးဆိုင်ရာ လိုအပ်မှုများ ရှိနေသည်ဟု AAက ထုတ်ပြန်ခဲ့ပြီး မောင်တောဒေသမှ တိုက်ပွဲရှောင်ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားလျက်ရှိရာ ထိုသူများအတွက် သက်ဆိုင်သည့်ဆေးဝါးများနှင့် အထွေထွေရောဂါများအတွက် မရှိမဖြစ်လိုအပ်သည့်ဆေးဝါးများ အရေးကြီး လိုအပ်နေကြောင်း ဖော်ပြသည်။

ထို့ကြောင့် အိမ်နီးနားချင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ၊ အရပ်ဘက်အဖွဲ့အစည်းများ ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် လူနာများအတွက် အရေးတကြီးလိုအပ်နေသည့် ဆေးဝါးများ ကူညီပေးရန် အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနမှ ဆေးဝါးလိုအပ်နေသူများကိုယ်စား အရေးပေါ် အကူအညီတောင်းခံကြောင်း ထုတ်ပြန်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အရက္ခဒေသနေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် မိမိ၌ရှိသည့်ဆေးဝါးများဖြင့် လူမျိုးဘာသာမရွေး ကုသပေးလျက်ရှိကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ရွှေမင်းဂံရေတပ်စခန်းအနီးကုလားတန်မြစ်ပြင်မှာစစ်တပ်ရဲ့စစ်သင်္ဘောတစီးလက်နက်ကြီးကျည်ထိမှန် မီးလောင်၊ ပျက်စီးသွားတဲ့ ရုပ်သံဖိုင် ဒီက​နေ့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီး ဒါဟာ အာရက္ခတပ် တော်(AA)က ပစ်ခတ်လို့ ထိမှန်ပျက်စီးသွားတာဖြစ်​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထု​နွေဦးကို အတည်ပြုပါတယ်။

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။