Connect with us

Hi, what are you looking for?

သတင်း

မောင်တောဒေသ စစ်ရှောင်များအတွက် အရေးပေါ်လိုအပ်နေသည့် ဆေးဝါးများကူညီပေးရန် AA အကူအညီတောင်း

ဝမ်းရောဂါဖြစ်ပွားနှုန်း မြင့်တက်နေပြီး ရက်ပိုင်းအတွင်း သေဆုံးသူ ၅ဦးရှိဟုဆို

ဟန်နွေ၊မိထက်/Peopel’s Spring

အာရက္ခဒေသ၊ မောင်တောမြို့အတွင်းနှင့် ၎င်းအနီးပတ်ဝန်းကျင်နေရာ ဒေသများမှတိုက်ပွဲရှောင် ပြည်သူလူထုများ၏ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါအပါအဝင် အခြား အထွေထွေရောဂါများအတွက် အရေးတကြီးလိုအပ်လျက်ရှိသော ဆေးဝါးများကူညီပေးရန် ရက္ခိုင့်တပ်တော်(AA)က အရေးပေါ်အကူအညီတောင်းခံချက် ထုတ်ပြန်သည်။

AA အနေဖြင့် မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိရာ ပိတ်မိနေသူများကို အချိန်မီကယ်ထုတ်နေရာ ရွှေ့ပြောင်းပေးလျက်ရှိရာ လူဦးရေ ၂သောင်းနီးပါးထိရှိလာပြီဖြစ်ကြောင်း၊

လက်ရှိတွင် နေရာအချို့၌ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်ပွားနေပြီး ဝမ်းရောဂါ ဖြစ်ပွားနှုန်းမှာ ယခုရက်ပိုင်းအတွင်း မိုမိုမြင့်တက်လျက်ရှိသည့်အပြင် သေဆုံးသူ ၅ဦး ရှိလာဟု အသိပေးသည်။ ရက္ခိုင်ဒေသ၌ ရေကြီးကြီး၏ နောက်ဆက်တွဲဖြစ်သော သောက်သုံးရေ မသန့်ခြင်းများကြောင့် ဝမ်းရောဂါမြင့်တက်လာခြင်းဖြစ်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ဘေးနှင့် ရေဘေးတပြိုင်နက်ခံစားနေကြရ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၌ ဆေးဝါးဆိုင်ရာ လိုအပ်မှုများ ရှိနေသည်ဟု AAက ထုတ်ပြန်ခဲ့ပြီး မောင်တောဒေသမှ တိုက်ပွဲရှောင်ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားလျက်ရှိရာ ထိုသူများအတွက် သက်ဆိုင်သည့်ဆေးဝါးများနှင့် အထွေထွေရောဂါများအတွက် မရှိမဖြစ်လိုအပ်သည့်ဆေးဝါးများ အရေးကြီး လိုအပ်နေကြောင်း ဖော်ပြသည်။

ထို့ကြောင့် အိမ်နီးနားချင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ၊ အရပ်ဘက်အဖွဲ့အစည်းများ ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် လူနာများအတွက် အရေးတကြီးလိုအပ်နေသည့် ဆေးဝါးများ ကူညီပေးရန် အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနမှ ဆေးဝါးလိုအပ်နေသူများကိုယ်စား အရေးပေါ် အကူအညီတောင်းခံကြောင်း ထုတ်ပြန်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အရက္ခဒေသနေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် မိမိ၌ရှိသည့်ဆေးဝါးများဖြင့် လူမျိုးဘာသာမရွေး ကုသပေးလျက်ရှိကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။