Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စွဲထားသော မြင်းခြံသံမဏိစက်ရုံအား PDFများ တိုက်ခိုက်

စစ်ကောင်စီတပ်စွဲထားသော မြင်းခြံမြို့ရှိ သံမဏိစက်ရုံအားတိုက်ခိုက်ရာ ထိခိုက်မှုများကြောင်း မြင်းခြံခရိုင်တပ်ရင်း (၃)၏ တာဝန်ရှိသူက ပြောသည်။

တန်ဆောင်းရွာရှိ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Min Ko Ko၊ CJ

ဇေအောင်/People’s Spring

စစ်ကောင်စီတပ်စွဲထားသော မြင်းခြံမြို့ရှိ သံမဏိစက်ရုံအားတိုက်ခိုက်ရာ ထိခိုက်မှုများကြောင်း မြင်းခြံခရိုင်တပ်ရင်း (၃)၏ တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၁၆ ရက် ည ၇ နာရီကျော်က မြင်းခြံမြို့နယ်၊ အမှတ်(၁) သံမဏိစက်ရုံဝင်းအတွင်း၌ အင်အား၂၀၀ခန့်ရှိသော စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများကြောင်း မြင်းခြံခရိုင်တပ်ရင်း (၃)၏ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် လာရောက်တိမ်းရှောင်နေသည့် Non CDM ဝန်ထမ်းများလည်း ထွက်ပြေးသွား ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“မြင်းခြံက လာရှောင်တဲ့ အစိုးရဝန်ထမ်းတွေကတော့ ပြေးသွားတယ်။ ခုလက်ရှိ စက်ရုံထဲမှာ ခံစစ်ပြင်ထားတယ်လို့ သိရတယ်။”ဟု မြင်းခြံခရိုင်တပ်ရင်း(၃)၏ တာဝန်ရှိသူက ပြောသည်။

သံမဏိစက်ရုံသည် အရှုံးပေါ်ရပ်နားထားရသောစက်ရုံဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်သုံးလက်နက်ပစ္စည်းထုတ်လုပ်ရန် ပြန်လည်အသုံးချထားသည်ဟု မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းက ဆိုသည်။

မြင်းခြံသံမဏိစက်ရုံ

အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သည် မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအနီးတွင် တည်ရှိသည်။ ရန်ကုန် – မြင်းခြံလမ်းပိုင်း မိုင်တိုင်(၄၅၀) အနီးတွင်ရှိသည်။

မြင်းခြံသံမဏိစက်ရုံ တိုက်ခိုက်ခံရပြီးနောက် သြဂုတ် ၁၇ရက် ညနေ ၃နာရီခန့်က မြင်းခြံမြို့နယ်၊ တန်ဆောင်းရွာနှင့် ပြည်‌တော်သာကျေးရွာတို့အား စစ်တပ်က Jet fighterဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှ ရဲဘော် နှစ်ဦးနှင့် ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် တန်ဆောင်းကျေးရွာ စာသင်ကျောင်းဆောင်များပါ ပျက်စီးပြီး နွား လေးကောင်လည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၃)၏ တာဝန်ရှိသူက ပြောသည်။

“တိုက်ပွဲမရှိဘဲ သတင်းပေးကြောင့်ပစ်သွားတာ။ တန်ဆောင်းက မြင်းခြံမြို့ပေါ်နဲ့ဆို မီတာ ၁၀၀၀ လောက်ပဲ ဝေးတော့တယ်။ “ဟု ၎င်းက ပြောသည်။

ထိခိုက်သူများမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ထိခိုက်မှုများ၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ စာသင်ကျောင်းမှာလည်း အာဏာသိမ်းကတည်းက ပိတ်ထား၍ ကလေးများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အား သြဂုတ် ၁ဝ ရက်မှစတင်ကာ နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့များ၌ စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့သည်။

နွားထိုးကြီးမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း လေးခုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ် အများအပြားသေဆုံးကာ လက်နက်၂၇လက်နှင့်စစ်သုံ့ပန်းသုံးဦး ဖမ်းဆီးရမိခဲ့သည်။

အလားတူ တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိသည်။

သြဂုတ် ၁၂ရက်က တောင်သာမြို့နယ်ရှိ စစ်ကောင်စီစခန်း နေရာလေးခု တိုက်ခိုက်မှုအတွင်း ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့် စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး တောင်သာမြို့အား စစ်ကူလာနိုင်မည့်လမ်းကြောင်းအား ​ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook