Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့မှ စစ်ကောင်စီစခန်းအချို့ကို KIA နှင့် PDF တိုက်ခိုက်သိမ်းပိုက်

KIA နှင့် KPDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ- CJ

သားကြီး/People’s Spring

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြားမှ စစ်ကောင်စီကာကင်းစခန်းသုံးခုကို KIA၊PDFပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိသည်။

ထီးချိုင့်မြို့အနီး မြတောင်ရွာမှ စစ်ကောင်စီတပ်၏ရှေ့တန်းကာကင်းစခန်းသုံးခုကို ယနေ့(ဩဂုတ်လ ၂၁ရက်) နံနက်ပိုင်းတွင် သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့မှ စစ်ကောင်စီစခန်းအချို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်နေပြီး ယမန်နေ့(ဩဂုတ်လ ၂၀ရက်) နံနက်မှစ၍ စစ်ကောင်စီက လေကြောင်းမှစတင်တိုက်ခိုက်ခဲ့သည်။ နံနက် ၄နာရီခွဲမှ ၆နာရီ ၇မိနစ်အတွင်း

ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး သုံးလုံး၊ Y12 လေယာဉ်ဖြင့် ဗုံး ၆၇ လုံး၊ ညဘက်တွင်လည်း မြတောင်ရွာ ဧရာဝတီမြစ်ကမ်းဘေးသို့ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ထီးချိုင့်၊အင်းတော်၊ပင်လယ်ဘူးမြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခုခံနေသည်။

ယခုအခါ မြို့ပေါ်မှ ဒေသခံများသည် အနီးဝန်းကျင်ကျေးရွာများနှင့် မြို့အချို့၌ တိမ်းရှောင်နေသည်။ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ မြသိန်းတန်တောင်ပေါ် စခန်း၊ ထီးချိူင့်တံတားနှင့် မြတောင်လမ်းဆုံ၌ ဘန်ကာအခိုင်အမာတည်ဆောက်၍ တပ်စွဲထားကြောင်း သတင်းရရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF )က ထီးချိုင့်မြို့၊ မောင်းကုန်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စွဲထားသည့် တကောင်းနီကယ်စက်ရုံကိုသိမ်းပိုက်ထိန်းချုပ်ခဲ့သည်။မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ပြီဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကဩဂုတ်လ ၂ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ထီးချိုင့်မြို့မှ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA) ၊အာရက္ခ‌တပ်တော်(AA)၊ PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက၂၀၂၃ နိုဝင်ဘာ ၈ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစခန်းအများအပြားကိုသိမ်းပိုက်နိုင်ခဲ့သည်။သို့​သော်စစ်ကောင်စီတပ်က မြို့ကိုလေကြောင်းမှအပြင်းအထန်တိုက်ခိုက်ပြီး စစ်ကူများထပ်မံ​ပို့၍ ​တော်လှန်​ရေးတပ်များပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။ထို​နောက်စစ်​ကောင်စီတပ်က ထီးချိုင့်မြို့​ပေါ်ရှိ ​နေအိမ်ရာ​ပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

သို့​သော် မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီစစ်ကြောင်းများကို ​တော်လှန်​ရေးအဖွဲ့များက ဆက်လက်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။