Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ စစ်အင်အားဖြည့်လာ၍ နောင်ချိုမြို့နယ် နေရာသုံးခု၌ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ယနေ့ (ဩဂုတ် ၂၁ရက်)တွင် နေရာသုံးနေရာ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ယနေ့ (ဩဂုတ် ၂၁ရက်)တွင် နေရာသုံးနေရာ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၅၈ရက်မြောက် ယနေ့တွင် နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက် ၉နာရီကျော်တွင် နောင်ချိုမြို့နယ် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်၊ သရက်ချိုကျေးရွာရှိ စစ်ကောင်စီစခန်းနှင့် ကမ္ဘောဇဘုန်းကြီးကျောင်းတို့၌ တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးအခြေအနေ ဖော်ပြမထားသော်လည်း စစ်ကောင်စီတပ်က တောင်ခမ်းရွာ တိုက်ပွဲတွင် လေကြောင်းပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီသည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေကြောင်း TNLAက ထုတ်ပြန်သည်။

TNLAသည် နောင်ချိုမြို့နယ်ကို ဇူလိုင်ကတည်းက သိမ်းပိုက်ထားခြင်းဖြစ်သည်။

ယနေ့ တိုက်ပွဲဖြစ်ခဲ့သည့် သရက်ချိုရွာနှင့် တောင်ခမ်းရွာတွင် သြဂုတ် ၂၀ရက်ကလည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook