Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမရှိ ကျေးရွာများ ပေါ်တာဆွဲရန်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများသို့ ပေါ်တာဆွဲရန်လာသည့် စစ်ကောင်စီတပ်သားများကို လမ်းမှစောင့်ကြို၍ ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်း တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပဲခူးတိုင်းတွင် စစ်ကောင်စီတပ်သားနှင့်ရဲများက လမ်းသွားလမ်းလာပြည်သူတစ်ဦးကို တားဆီးစစ်ဆေးနေစဥ်။ ဓာတ်ပုံ - ပေးပို့

ကျော်ဇော/People’s Spring

ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများသို့ ပေါ်တာဆွဲရန်လာသည့် စစ်ကောင်စီတပ်သားများကို လမ်းမှစောင့်ကြို၍ ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်း တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းကျေးရွာဘက်သို့ သြဂုတ် ၁၈ ရက်က ပေါ်တာဆွဲရန်လာရောက်သော စစ်ကောင်စီတပ်သားများကို တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon GBK-PDFမှ ၄၀ မမအပါအဝင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ရိုးမအစပ်က ကျေးရွာတွေကို ပေါ်တာဆွဲမလို့ဆိုပြီးတော့ လာတာဗျ။ ကွင်းချောင်းပျူရွာက ပျူစောထီးတွေကိုခေါ် လမ်းပြလုပ်ခိုင်းပြီး ပတ်ဆွဲမှာ။ ကျနော်တို့ တိုင်ခိုက်ခဲ့တဲ့နေ့မှာတော့ သူတို့မဆွဲရဲတော့ဘူး ပြန်ဆုတ်သွားတယ်။ ရှေ့တစ်ရက် နှစ်ရက်လောက်ကတော့ လူငယ်တချို့ပါသွားတာရှိတယ်”ဟု တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးသည်ဟု ကြားသိရသော်လည်း ပျူစောထီးကျေးရွာဖြစ်နေသောကြောင့် စုံစမ်းရန်ခက်နေပြီး စစ်ကောင်စီဘက်မှလည်း ဖြစ်စဥ်အား သတင်းမပြန့်စေရန် ဖုံးဖိထားကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများမှာ အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းဘက်သို့ ပြန်ဆုတ်သွားကြောင်း စုံစမ်းသိရသည်။

လက်ရှိအခြေအနေတွင် ကြို့ပင်ကောက်မြို့ နယ်အတွင်း သြဂုတ် ၁၅ရက်ခန့်မှစတင်၍

စစ်ကောင်စီတပ်က တပ်သားသစ်အဖြစ်အသုံးပြုရန် ပေါ်တာဆွဲလျှက်ရှိရာ သြဂုတ် ၂၁ ရက်အထိ လူငယ် ၂၀ ဦးကျော် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။