Connect with us

Hi, what are you looking for?

News

မိုးကုတ်ရေပူ ဆရာတော်အပါအဝင် မတရားဖမ်းဆီးထားသူ ၂၄၀ ဦးပြန်လွတ်လာ

“ဒီကနေလွှတ်ပေးတာက ပြစ်ဒဏ်ကျခံရတဲ့သူတွေပါ။ အမှုပြီးပြတ်လို့ ထောင်၂နှစ် ၃နှစ်ကျခံနေရသူတွေပါ”ဟု အကျဉ်းဦးဌာနက ဝန်ထမ်းတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေးတိုင်းဒေသကြီးအတွင်း အကျဉ်းထောင်တွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ ၅၀၅ (ခ) တွေနဲ့ မတရားဖမ်းဆီးထားတဲ့သူတွေထဲက ဒီနေ့မှာ ၂၄၀ ဦးပြန်လွတ်လာပါတယ်။

ဒီထဲမှာ ပုဒ်မ ၅၀၅ (ခ). နဲ့ ထောင် ၃နှစ်ကျခံနေရတဲ့ မိုးကုတ် ရေပူဆရာတော်နဲ့ သံဃာတစ်ပါးလည်း ဒီကနေ့ ညနေမှာ ပြန်လည်လွတ်မြောက်လာပါတယ်။

စစ်အာဏာသိမ်းတာကိုဆန့်ကျင်လို့ မတရားဖမ်းဆီးထားတဲ့ သူတွေထဲက ၅၀၀၀ ကျော်ကို သီတင်းကျွတ်ကာလမှာ လွှတ်ပေးမယ်လို့စစ်ကောင်စီက ကြေညာထားတာပါ။

အဲဒီနောက် ဒီနေ့ ညနေပိုင်းမှာ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အကျဉ်းထောင်တွေက ၂၄၀ ဦးလွတ်လာတာပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ဒီကနေလွှတ်ပေးတာက ပြစ်ဒဏ်ကျခံရတဲ့သူတွေပါ။ အမှုပြီးပြတ်လို့ ထောင်၂နှစ် ၃နှစ်ကျခံနေရသူတွေပါ”ဟု အကျဉ်းဦးဌာနက ဝန်ထမ်းတစ်ဦးကပြောပါတယ်။

မန္တလေးအကျဉ်းထောင်က ၈၀ဦး၊မိတ္ထီလာ အကျဉ်းထောင် ၃၈ဦး၊မြင်းခြံအကျဉ်းထောင် ၃၆ဦး၊ညောင်ဦးအကျဉ်းထောင် ၆ဦးနဲ့ ကျောက်ဆည် ၈၀ဦးတို့ကို လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

အမှုကြားနာဆဲသူတွေကိုတော့ မနက်ဖြန် အောက်တိုဘာလ ၁၉ ရက်မှာ ထပ်လွှတ်ပေးမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဇွန်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၀ကျော်ရှိပြီး ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသူ ၂၉ ဦးအထိရှိတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့