Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးကုတ်ရေပူ ဆရာတော်အပါအဝင် မတရားဖမ်းဆီးထားသူ ၂၄၀ ဦးပြန်လွတ်လာ

“ဒီကနေလွှတ်ပေးတာက ပြစ်ဒဏ်ကျခံရတဲ့သူတွေပါ။ အမှုပြီးပြတ်လို့ ထောင်၂နှစ် ၃နှစ်ကျခံနေရသူတွေပါ”ဟု အကျဉ်းဦးဌာနက ဝန်ထမ်းတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေးတိုင်းဒေသကြီးအတွင်း အကျဉ်းထောင်တွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ ၅၀၅ (ခ) တွေနဲ့ မတရားဖမ်းဆီးထားတဲ့သူတွေထဲက ဒီနေ့မှာ ၂၄၀ ဦးပြန်လွတ်လာပါတယ်။

ဒီထဲမှာ ပုဒ်မ ၅၀၅ (ခ). နဲ့ ထောင် ၃နှစ်ကျခံနေရတဲ့ မိုးကုတ် ရေပူဆရာတော်နဲ့ သံဃာတစ်ပါးလည်း ဒီကနေ့ ညနေမှာ ပြန်လည်လွတ်မြောက်လာပါတယ်။

စစ်အာဏာသိမ်းတာကိုဆန့်ကျင်လို့ မတရားဖမ်းဆီးထားတဲ့ သူတွေထဲက ၅၀၀၀ ကျော်ကို သီတင်းကျွတ်ကာလမှာ လွှတ်ပေးမယ်လို့စစ်ကောင်စီက ကြေညာထားတာပါ။

အဲဒီနောက် ဒီနေ့ ညနေပိုင်းမှာ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အကျဉ်းထောင်တွေက ၂၄၀ ဦးလွတ်လာတာပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ဒီကနေလွှတ်ပေးတာက ပြစ်ဒဏ်ကျခံရတဲ့သူတွေပါ။ အမှုပြီးပြတ်လို့ ထောင်၂နှစ် ၃နှစ်ကျခံနေရသူတွေပါ”ဟု အကျဉ်းဦးဌာနက ဝန်ထမ်းတစ်ဦးကပြောပါတယ်။

မန္တလေးအကျဉ်းထောင်က ၈၀ဦး၊မိတ္ထီလာ အကျဉ်းထောင် ၃၈ဦး၊မြင်းခြံအကျဉ်းထောင် ၃၆ဦး၊ညောင်ဦးအကျဉ်းထောင် ၆ဦးနဲ့ ကျောက်ဆည် ၈၀ဦးတို့ကို လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

အမှုကြားနာဆဲသူတွေကိုတော့ မနက်ဖြန် အောက်တိုဘာလ ၁၉ ရက်မှာ ထပ်လွှတ်ပေးမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သံကလောင်ကျောင်းထိုင်ဆရာတော်သည် ယမန်နေ့ နေ့လယ်ပိုင်း၌ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဆရာတော်အား စစ်ကောင်စီက မည်သည့်အတွက်ကြောင့်ဖမ်းဆီးခဲ့သည်ကို မသိရသေးကြောင်း၊ ဆရာတော်သည် အာဏာသိမ်းကာလအစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများတွင် စိတ်အားထက်သန်ခဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ဒေါက်တာ ခလမ်ဆန်ဆွန်ကို တရားရုံးက အပြီးသတ် တရားစီရင်ချိန် ပုဒ်မ ၃ခုဖြင့် ထောင်ဒဏ် ၆နှစ်ချခံရ၍ ပြည်နယ်တရားရုံး၌ အယူခံဝင်ခဲ့ရာ ၂၀၂၃ အောက်တိုဘာလ အတွင်းက ပယ်ချခံရ၍ ပြည်ထောင်စုတရားရုံးချုပ်အထိ အယူခံဆက်တင်ရန် ရှိကြောင်း သိရသည်။

သတင်း

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်မှာ မွန်ပြည်နယ် ၊ကျိုက်ထိုမြို့အခြေစိုက် တပ်မ ၄၄ လက်အောက်ခံတပ်တွေလည်းပါတယ်လို့သိရပါတယ်။