Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ နန်းမြင့်တောင်ဂိတ်၌ စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ ကားထားထွက်ပြေး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်လာသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး ကားတစ်စီးထားခဲ့၍ ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

တိမ်းမှောက်ခဲ့သော သံချပ်ကာယာဥ်(အနီဝိုင်း)အား စစ်အုပ်စုနှင့်အတူ တွေ့ရစဥ်။ဓာတ်ပုံ - စကစ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်လာသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး ကားတစ်စီးထားခဲ့၍ ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

သြဂုတ် ၂၄ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ မြင်းခြံ – တောင်သာလမ်းပေါ်ရှိ နန်းမြင့်တောင်ဂိတ်၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ စစ်ဆေးရေးပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ စစ်ဆေးနေချိန် နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်က မြင်းခြံမြို့ဘက်မှ လက်နက်ကြီးဖြင့် ၅ချက်ထက်မနည်းပစ်၍ သံချပ်ကာကား နှစ်စီးအပါအဝင် ကားများဖြင့် ရောက်ရှိလာချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

“လက်နက်ကြီးနဲ့ပစ်ပြီး ကျွန်တော်တို့အဖွဲ့ ပြန်ဆုတ်သွားပြီအထင်နဲ့ ဝင်လာတယ်။ အဲတော့ဝိုင်းပစ်လိုက်တာ တော်တော်‌အသေအပျောက်များတယ်။ ဖိုးဝီးကားနှစ်စီးကိုအဓိကထားပစ်တာ။ ကားပေါ်ပါတဲ့စက်လက်သမားလည်းထိတယ်။ ဖိုးဝီးကားတစ်စီးကိုထားပြီး အတင်းပြန်လှည့်ပြေးသွားကြတယ်။”ဟု စွန်ရဲပြောက်ကျားတပ်ဖွဲ့၏ခေါင်းဆောင် ကိုစွန်ရဲက ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းပစ်ကူရောက်ရှိလာ၍ ဖိုးဝီးကားတစ်စီးအား သိမ်းဆည်းနိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

မြင်းခြံမြို့သို့ထွက်ပြေးသည့် ယာဥ်သုံးစီးအနက် သံချပ်ကာယာဥ်တစ်စီးမှာ ကုလားကန်ကွေ့၌ တိမ်းမှောက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်မှုများရှိကြောင်း သိရသည်။

ကျန်ခဲ့သောယာဥ်တစ်စီးနှင့် တိမ်းမှောက်ယာဥ်အား စစ်ကောင်စီတပ်က ညပိုင်းတွင် လာရောက်ဆွဲယူသွားကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင်တပ်ရင်း(၁)၊ တပ်ရင်း(၂)၊ တပ်ရင်း(၉)၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁ဝရက်ကစတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်း လေးခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။ သြဂုတ် ၂၀ရက်ကလည်း တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီတပ်ဆုတ်ခွာသွားသော နန်းမြင့်တောင်ဂိတ်ကိုလည်း PDFများက မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

စစ်ဆင်ရေးကာလအတွင်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ပြည်သူများအား ဒေသကာ​ကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

Facebook