Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တယ်လီဂရမ်တည်ထောင်သူ ပြင်သစ်လေဆိပ်မှာ ဖမ်းခံရ

တယ်လီဂရမ် လူမှုကွန်ရက် တည်ထောင်သူ ရုရှာနိုင်ငံဖွား ပါဗဲလ်ဒူးရို့ဗ် ကို မနေ့ (သြဂုတ် ၂၄) ညနေပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့ မြောက်ဘက် လေဆိပ်မှာ ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

တယ်လီဂရမ် လူမှုကွန်ရက် တည်ထောင်သူ ရုရှားနိုင်ငံဖွား ပါဗဲလ်ဒူးရို့ဗ် ကို မနေ့ (သြဂုတ် ၂၄) ညနေပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့ မြောက်ဘက် လေဆိပ်မှာ ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ပါဗဲလ်ဒူးရို့ဗ်ဟာကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ လေဆိပ်ကို ရောက်ရောက်ချင်းမှာပဲ ဖမ်းခံလိုက်ရတာလို့ ပြင်သစ်မီဒီယာတွေက သတင်းဖော်ပြပါတယ်။

တယ်လီဂရမ် လူမှုကွန်ရက်နဲ့ဆက်စပ်ကာ ဖမ်းဝရမ်းနဲ့ ဖမ်းခံရတာဖြစ်ပြီး ပြင်သစ်မှာရှိတဲ့ ရုရှားသံရုံးကတော့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်းသိရဖို့ ကြိုးပမ်းနေတယ်လို့ ရှရှားသတင်းဌာန TASS က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တယ်လီဂရမ် လူမှုကွန်ရက်ဟာ ရုရှား ၊ ယူကရိန်းနဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းနိုင်ငံတွေမှာ လူသုံးများကြတာပါ။

၂၀၁၄ ခုနှစ်မှာ ရုရှားအာဏာပိုင်တွေက တယ်လီဂရမ်သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေးဖို့တောင်းဆိုတာကို ငြင်းဆိုခဲ့ပြီးနောက် ပါဗဲလ်ဒူးရို့ဗ် ဟာ ရုရှားက နေထွက်ခွာလာခဲ့ပြီး ယူအေအီး နိုင်ငံ ၊ဒူဘိုင်းမှာ တယ်လီဂရမ် ရုံးချုပ်ကိုပြောင်းရွှေ့ဖွင့်ခဲ့တာပါ။

ကိုးကား – BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။