Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားတစ်ဦး CDF ဟားခါးထံ အလင်းဝင်

ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင် လာကြောင်း ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - CDF ဟားခါး

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင် လာကြောင်း ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။

ဟာခါးမြို့အခြေစိုက် စစ်ကောင်စီတပ်သားသည် အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာ၀န်ထမ်းဆောင်လိုခြင်း မရှိတော့၍ ဩဂုတ် ၂၄ရက်တွင် CDF ဟားခါးထံ သေနတ်တစ်လက်ယူဆောင်ကာ အလင်းဝင်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူကို ဆုငွေပေးအပ်ခဲ့ပြီး လုံခြုံသည့် နေရာသို့ ပိုပဆောင်ပေးခဲ့ကြောင်း CDF ဟားခါးက အသိပေးထားပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့၀င်များအနေဖြင့် ပြည်သူ့တော်လှန်ရေး၌ ပူးပေါင်းပါ၀င်လိုပါက ဆက်သွယ်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

CDF ဟားခါးသည် ချင်းပြည်ကောင်စီအဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖြစ်ပြီး လတ်တလောတွင် ဟားခါးမြို့အနီး၊ ဟားခါး-ထန်တလန်ကြား ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဩဂုတ် ၁၂ရက်က ဟားခါး-ထန်တလန် လမ်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ လက်နက် ၁၁လက်နှင့် ခဲယမ်း၊ကျည်များ သိမ်းရခဲ့ကြောင်း CDFဟားခါးက အသိပေးထုတ်ပြန်ထားသည်။

CDF ဟားခါးအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း ဆက်လက် တိုက်ပွဲ ဖော်ဆောင်သွားမည်ဖြစ်၍ ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည်။

CDF ဟားခါး ပါဝင်စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီတပ်ပေါင်းစုသည် ထန်တလန်မြို့သိမ်း စစ်ဆင်ရေးကို ဇူလိုင် ၂၂ရက်မှစတင်ဆင်နွှဲလျက်ရှိပြီး ဟားခါး-ထန်တလန်ကြားနှင့် ထန်တလန်မြို့ပေါ်ရှိစစ်ကောင်စီ စခန်း၈ခုထက်မနည်း သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။