Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ထောင်မှ နိုင်ကျဥ်းများအပါအဝင် အ​ကျဥ်းသား ၃၀၀ခန့် မြောင်း​မြထောင်ပို့

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား ၃၀၀ခန့်ကို မြောင်းမြထောင်သို့ ပြောင်းရွှေ့ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

ပုသိမ်အကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား ၃၀၀ခန့်ကို မြောင်းမြထောင်သို့ ပြောင်းရွှေ့ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

သြဂုတ် ၂၅ရက်က ပုသိမ်အကျဉ်းထောင်မှ အကျဥ်းသား၂၇၅ဦးအား မြောင်းမြထောင်သို့ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ထောင်ပြောင်းရွေ့မှုတွင် နိုင်ငံရေးအကျဉ်းသား၂၅ ဦးခန့်ပါရှိပြီး ကျန်အကျဉ်းသားများမှာ နယ်စပ်ဖြတ်ကျော်မှုအပါအဝင် အခြားမှုများဖြစ်ကြောင်း PPNMက ဆိုသည်။

ပုသိမ်မြို့တွင် စစ်ရေးအတွက်ပြင်ဆင်နေ၍ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားအားလုံးအတွက် သတိထားနေရကြောင်း ပုသိမ်ထောင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရသည်ဟု PPNMက ထပ်မံအသိပေးသည်။

ဩဂုတ် လကုန်ပိုင်းတွင်လည်း ပုသိမ်ထောင်မှ နိုင်ကျဉ်းအပါအဝင် အကျဉ်းသားများ ထပ်မံရွှေ့ပြောင်းမှု ပြုလုပ်ရန်ရှိကြောင်း PPNMက စုံစမ်းရရှိထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်နယ်စပ်မြို့ဖြစ်သည့် ဂွမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဇူလိုင် ၂၁ရက်ကလည်း အင်းစိန်ဗဟိုအကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဥ်းသား ၂၆၀ကို ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်သို့‌ ထောင်ပြောင်း‌ရွှေ့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။