Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ခဲယမ်းပံ့ပိုး၊ ဟားခါးမှ လက်နက်ကြီးပစ်ကူပေး

ချင်းပြည်နယ် ထန်တလန်မြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့များကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး အားပြု၍ ခုခံလျက်ရှိ​ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

ရှေ့တန်းတစ်​နေရာတွင် တိုက်ပွဲဝင်​နေ​သော ချင်း​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦး

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ထန်တလန်မြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့များကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး အားပြု၍ ခုခံလျက်ရှိ​ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

ဩဂုတ်လဆန်းကတည်းက ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်းကုန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်များ မြို့တွင်း သို့ ထွက်ပြေးသွားခြင်းဖြစ်ပြီး အဆိုပါ တပ်ဖွဲ့များနှင့် တိုက်ပွဲဆက်ရှိနေသည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲတော့ ဆက်ဖြစ်နေတာပါ။ သူတို့ (ထန်တလန်တပ်ကုန်းမှ မြို့တွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ)ခြေကုတ်ယူတဲ့ တိုက်တာ အဆောက်အဦး ခိုင်တယ်။ အပေါ်(လေကြောင်း)ကနေ လက်နက်ခဲယမ်း ပံ့ပိုးမှုတွေလုပ်နိုင်တယ်။ ဟားခါးဗျူဟာကနေ လက်နက်ကြီး ပစ်အား

ကောင်းတယ်”ဟု ဆလိုင်းထက်နီက ထန်တလန်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်မှု မရှိသေးသည့် အခြေအနေကို သြဂုတ် ၂၉ ရက်မနက်တွင် People’s Spring သို့ ပြောသည်။

ချင်းတောင် အခြားဒေသများတွင်မူလတ်တ​လော တိုက်ပွဲမရှိဟု လည်း ဆလိုင်းထက်နီကဆက် ပြောသည်။

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များအနေဖြင့် ထန်တလန်မြို့သိမ်းတိုက်ပွဲ မဆင်နွှဲမီ ဇူလိုင် ၂၂ရက်ကတည်းက ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး မြေပြင် စစ်ကူလမ်းကြောင်းကို ဖြတ်တောက်ထားခြင်းဖြစ်သည်။ ဇူလိုင် ၂၂ရက်မှ ဩဂုတ်လဆန်းအထိ စစ်ကောင်စီတပ်စခန်း ၈ ခုထက်မနည်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး စစ်သုံ့ပမ်းအချို့၊ လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိထားသည်။

တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်မှလည်းထိခိုက် ကျဆုံးမှု အချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။