Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းပကဖ စစ်သင်တန်းဆင်းပွဲအပြီး စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်

မင်းတုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)​၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ယမန်‌နေ့(ဩဂုတ် ၂၈ရက်)က ပြုလုပ်ရာ ကျင်းပအပြီးတွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည်။

မင်းတုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)​၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဩဂုတ် ၂၈ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - မင်းတုန်း ပကဖ

မိထက်/People’s Spring

မင်းတုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)​၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ယမန်‌နေ့(ဩဂုတ် ၂၈ရက်)က ပြုလုပ်ရာ ကျင်းပအပြီးတွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည်။

မင်တုန်းပကဖ အခြေခံစစ်ပညာသင်တန်းအပတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားကို မင်းတုန်းမြို့နယ်တစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နံနက်၉နာရီတွင် သင်တန်းဆင်းပွဲ ပြီးဆုံးခဲ့ပြီး ၉နာရီခွဲခန့်တွင် စစ်ကောင်စီကလေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” လေကြောင်းသတင်းက ကြိုရလို့ သင်တန်းဆင်းပွဲကို အမြန်ဖြတ်လိုက်တာ။ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပတ်ပစ်တာ။ ကိုယ့်ဘက်က ထိခိုက်မှုလုံးဝမရှိခဲ့ပါဘူး။ နောက်ထပ် လေကြောင်းသတိပေးချက်တွေလည်းရထားပါတယ်”ဟု မင်းတုန်းမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

မင်းတုန်းပကဖ၏ အခြေခံစစ်ပညာသင်တန်းတွင် အမျိုးသမီးငယ်များလည်း ပါဝင်သည်။

မင်းတုန်းမြို့သည် ပုသိမ် – မုံရွာ လမ်းပေါ်တွင်ရှ်ိပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းတို့ကို ဆက်သွယ်ရာ၌ အရေးပါသည့်ဒေသများအနက် တစ်ခုဖြစ်သည်။ ထို့အပြင် ရခိုင်ရိုးမ၊ အမ်း၊ တောင်ကုတ်များနှင့် ထိစပ်နေသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်မှစတင်ကာ မင်းတုန်းမြို့ပေါ်တွင် လုံခြုံရေးတိုးမြှင့်နေပြီး အရပ်သားပြည်သူများအားစစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။