Connect with us

Hi, what are you looking for?

သတင်း

NUG၊ KIA နှင့် မြောက်ပိုင်းသုံးဖွဲ့​၏ ဘဏ်အကောင့်များ တရုတ်ကပိတ်သိမ်းနေဟု စစ်ကောင်စီချန်နယ်များ ဖြန့်ဝေနေ

NUG ဘဏ်အကောင့်နှင့်ပတ်သက်ပြီး သတင်းအမှားဟု ဝန်ကြီးပြော

မိထက်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့​၏ တရုတ်နိုင်ငံရှိ ဘဏ်များ၌အပ်နှံထားသော ဘီလီယံချီသည့်ဘဏ်အကောင့်များအား တရုတ်က ပိတ်သိမ်းလိုက်ကြောင်း ကောလဟာလသတင်းများ ဖြန့်ဝေနေပြီး NUGနှင့်ပတ်သက်၍ သတင်းအမှားဖြစ်ကြောင်း NUGအစိုးရ၊စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်က ပြောကြားသည်။

” ဒီသတင်းကို အဟုတ်ထင်ပြီးပြောနေကြသူတွေတချို့တွေ့မိတယ်။ အဲ့ဒီဘဏ်မှာ NUG က အပ်ထားတဲ့ငွေ တပြားတချပ်မှမရှိပါ။တော်ရုံဖွကြပါ”ဟု ဦးတင်ထွန်းနိုင်က လူမှုကွန်ရက် စာမျက်နှာမှတဆင့် ယနေ့ (ဩဂုတ် ၃၀ရက်) ညပိုင်းတွင် အသိပေးဖြေရှင်းထားသည်။

KIA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က တရုတ်နိုင်ငံရှိ ဘဏ်များတွင် ငွေကြေးများစွာအပ်နှံထားကြောင်း၊ အဆိုပါ ဘဏ်အကောင့်များကို တရုတ်အစိုးရက ပိတ်သိမ်းလိုက်ကြောင်း သတင်းများကို အာဏာသိမ်းစစ်ကောင်စီ​၏ ဝါဒဖြန့် ချန်နယ်များက စတင်ဖြန့်ဝေလာပြီး ယနေ့လူမှုကွန်ရက်တွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တရုတ်အစိုးရက TNLAအား တိုက်ပွဲချက်ချင်းရပ်ရန် ခြိမ်းခြောက်စာ ထွက်ပေါ်လာအပြီးတွင် ထိုကဲ့သို့ ကောလဟာလသတင်းများ ဆက်တိုက် ဖြန့်ဝေလာခြင်း ဖြစ်သည်။

KIA ၊MNDAA၊ TNLAနှင့် AAတို့က တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခြင်းမရှိပေ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်နီးစပ်သူအချို့ကမူ ယင်းသတင်းသည် ၁၀၀ရာခိုင်နှုန်းအမှားဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိဖြန့်ဝေခြင်းဟု ဆိုသည်။

KIA ၊MNDAA၊ TNLAနှင့် AAတို့သည် စစ်ကောင်စီအား တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ပြီး NUGအစိုးရနှင့် အတူ လူထုထောက်ခံမှု ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook