Connect with us

Hi, what are you looking for?

သတင်း

ဒေသကိုးခု မိုးကြီးမည့်သတိပေးချက် MOHADM ထုတ်ပြန်

ဘင်္ဂလားပင်လယ်‌အော်မှ လေဖိအားနည်းရပ်ဝန်အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်ကိုးခု၌ မိုးကြီးနိုင်ပြီး ရေးဘေးသတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ယ‌နေ့(စက်တင်ဘာ ၂ရက်) သတိပေးချက်ထုတ်ပြန်သည်။

တောင်ငူမြို့မှ ရေးဘေးသင့်ပြည်သူများအား လူမှုရေးအသင်းများက စက်တင်ဘာ ၁ရက်တွင် ကူညီရေးလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - TTO

ဇော်ရမ်း/People’s Spring

ဘင်္ဂလားပင်လယ်‌အော်မှ လေဖိအားနည်းရပ်ဝန်အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်ကိုးခု၌ မိုးကြီးနိုင်ပြီး ရေးဘေးသတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ယ‌နေ့(စက်တင်ဘာ ၂ရက်) သတိပေးချက်ထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရန်ကုန်တိုင်း (ကိုကိုးကျွန်းမြို့နယ်)၊ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်တို့တွင် စက်တင်ဘာ ၅ ရက်မှ ၈ရက်အတွင်း မိုးကြီးနိုင်ကြောင်း သတိပေးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာပထမရက်သတ္တပတ်ပတ်အတွင်း အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် ကုန်တွင်းမုတ်သုံမုန်တိုင်းငယ်ဖြစ်နေကာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသည်ဟု MOHADMက ဆိုသည်။

မိုးကြီးခြင်းနှင့် ဆက်စပ်လျက် ရေဘေး၊ မြေပြိုဘေး ထိခိုက်မှု့လျော့ပါးစေရေး ကြိုတင်ပြင်ဆင်အလေးထား နေထိုင်သင့်သည်ဟု သတိပေးထားသည်။

ဩဂုတ်လနှောင်းပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများမိုးကောင်းခဲ့ပြီး တာချီလိတ်မြို့တွင် ရေကြီးနစ်မြုပ်မှုကြုံတွေ့ခဲ့သည်။ ပဲခူးတိုင်းတွင် စစ်တောင်းမြစ်ရေမြင့်တက်ခြင်းနှင့် နေရာကွက်မူကြီးမှုကြောင့် တောင်ငူမြို့နယ်အတွင်း လူနေရပ်ကွက်များအရေးကြီးနှစ်မြုပ်ခဲ့သည်။

တောင်ငူမြို့တွင် ရေဘေးသင့်ပြည်သူသုံးထောင်ခန့်သည် ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

■မိုးဆက်တိုက်ရွာနေသဖြင့်​​ရေ​ဘေးသင့်ပြည်သူ​တွေ သောက်သုံးရေနဲ့စားနပ်ရိက္ခာ အရေးပေါ်လို နေ

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ရွှေလှန်ကျေးရွာမှာ ကလေးငယ် ၁ဦးနဲ့ အမျိုးသား ၁ဦး ရေစီးနဲ့ မျောပါပျောက်ဆုံးနေပြီး ဒီကနေ့အထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းမှာ မူးမြစ်ရေထပ်တက်လာလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။